services

ငွေစုဘဏ်စာရင်း နှင့် ပုံသေအပ်နှံငွေစာရင်းဖွင့်လှစ်ခြင်း

Savings and Fixed Deposit Account ကို (၁-၈-၂၀၁၇) ရက်နေ့မှစတင်၍ ဝန်ဆောင်မှုပေးလျက်ရှိသည်။

မိမိ Account ထဲသို့ ငွေသွင်းပါက မိမိကိုယ်တိုင် ငွေသွင်းနိုင်သည့်အပြင် ကိုယ်စားလှယ်ဖြင့် လည်း ငွေသွင်းနိုင်သည်။ ငွေသွင်းတိုင်း ငွေစုစာအုပ် တင်ပြရမည်။ မိမိ Account ထဲသို့ ငွေသွင်းပါက မိမိကိုယ်တိုင် ငွေသွင်းနိုင်သည့်အပြင် ကိုယ်စားလှယ်ဖြင့် လည်း ငွေသွင်းနိုင်သည်။ ငွေသွင်းတိုင်း ငွေစုစာအုပ် တင်ပြရမည်။

Savings Account and Fixed Deposit Account

ငွေစုဘဏ်စာရင်း (Saving Deposit Account)

စာရင်းဖွင့်လှစ်နိုင်သူများ

  • ပုဂ္ဂလိကတစ်ဦးချင်းအသက်(၁၈)နှစ်ပြည့်ပြီးသူဖြစ်ရမည်။

စာရင်းဖွင့်ရန်အတွက်လိုအပ်သော အချက်များ

  • ပုဂ္ဂလိကတစ်ဦးချင်း

(၁) နိုင်ငံသားစိစစ်ရေးကဒ်မူရင်း/မိတ္တူတင်ပြရမည်။

(၂) ဘဏ်မှသတ်မှတ်ပုံစံတွင် ဖြည့်စွက်၍ စာရင်းဖွင့်လှစ်ခွင့် လျှောက်ထားရမည်။

(၃) ကျပ်သိန်း(၁၀၀)အထက်အပ်နှံခြင်းဖြစ်လျှင်ဝင်ငွေရလမ်းဖော်ပြနိုင်ရမည်။ဘဏ်မှလိုအပ်ချက်တောင်းခံလျှင် အထောက်အထား တင်ပြနိုင်ရမည်။

ကနဦးအပ်နှံငွေ                   - ၁၀၀၀ ကျပ်

အနည်းဆုံးလက်ကျန်ငွေ       - ၁၀၀၀ ကျပ်

အတိုးနှုန်း(တစ်နှစ်လျှင်)        - ၆% (၁-၆-၂၀၂၃)

အတိုးတွက်ပုံ

အပ်နှံငွေကို လစဉ် လဆန်း (၁) ရက်နေ့မှ(၄) ရက်နေ့အတွင်း ပေးသွင်းနိုင်ပြီး လကုန်ရက်တွင် ကျန်ရှိသောအနည်းဆုံး လက်ကျန်ပေါ်တွင် တွက်ချက်၍ (၆)လလျှင် တစ်ကြိမ် အတိုးထည့်သွင်းပေးခြင်း

ပုံသေအပ်ငွေစာရင်း (Fixed Deposit Account)

စာရင်းဖွင့်လှစ်လှစ်နိုင်သူများ

  • ပုဂ္ဂလိကတစ်ဦးချင်းအသက်(၁၈)နှစ်ပြည့်ပြီးသူဖြစ်ရမည်။

စာရင်းဖွင့်ရန်အတွက်လိုအပ်သောအချက်များ

  • ပုဂ္ဂလိကတစ်ဦးချင်း

(၁) နိုင်ငံသားစိစစ်ရေးကဒ်မူရင်း/မိတ္တူတင်ပြရမည်။

(၂) ဘဏ်မှသတ်မှတ်ပုံစံတွင် ဖြည့်စွက်၍ စာရင်းဖွင့်လှစ်ခွင့် လျှောက်ထားရမည်။

(၃)ကျပ်သိန်း(၁၀၀)အထက် အပ်နှံခြင်းဖြစ်လျှင်  ဝင်ငွေရလမ်း ဖော်ပြနိုင်ရမည်။   ဘဏ်မှ လိုအပ်ချက်တောင်းခံလျှင် အထောက်အထား တင်ပြနိုင်ရမည်။

  • ကုမ္ပဏီ / အဖွဲ့အစည်း

(၁) ကုမ္ပဏီမှတ်ပုံတင်သည့် စာရွက်စာတမ်းမိတ္တူ

(၂) MFTB တွင် ငွေစုဘဏ်စာရင်း ဖွင့်လှစ်ရန် အစည်းအဝေးဆုံးဖြတ်ချက်နှင့် ဘဏ်စာရင်းတွင် ငွေသွင်း/ထုတ်ဆောင်ရွက်မည့် ပုဂ္ဂိုလ်(၁)ဦး (သို့) တစ်ဦးထက်ပိုသော ပုဂ္ဂိုလ်များ

(၃) ဘဏ်မှသတ်မှတ်ပုံစံတွင် ဖြည့်စွက်၍ စာရင်းဖွင့်ခွင့် လျှောက်လွှာ (သို့) ကုမ္ပဏီ / အဖွဲ့ အစည်း၏ Letter Head ဖြင့် ငွေစုဘဏ်စာရင်း ဖွင့်လှစ်ခွင့်လျှောက်လွှာ

(၄) ဘဏ်စာရင်းတွင် ငွေသွင်း/ငွေထုတ်ဆောင်ရွက်မည့် ပုဂ္ဂိုလ်များ၏ နိုင်ငံသားစိစစ်ရေးကဒ် မူရင်း / မိတ္တူ

(၅) ငွေစုဘဏ်စာရင်း ဖွင့်လှစ်ခွင့်လျှောက်သော ကာလနှင့် တဆက်တည်းဖြစ်သောပြီးခဲ့သော ဘဏ္ဍာရေးနှစ်၏ စာရင်းစစ်ဆေးပြီး ဘဏ္ဍာရေးရှင်းတမ်း

(၆) အခွန်ကင်းရှင်းကြောင်း (သို့) အခွန်ထမ်းဆောင်ပြီးကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန၏ ထောက်ခံစာ (ကျပ်သိန်း (၁၀၀) နှင့် အထက်ဖြစ်လျှင် )

အပ်နှံငွေ (အနည်းဆုံး)

  • ပုဂ္ဂလိကတစ်ဦးချင်း             -    ၁၀၀,၀၀၀ ကျပ်
  • ကုမ္ပဏီ / အဖွဲ့အစည်း          - ၁,၀၀၀,၀၀၀ ကျပ်   

အတိုးနှုန်း            

                             -   ( ၁ ) လ အပ်နှံငွေပေါ်တွင် ၆.၂၅% ဝန်ဆောင်မှုအသစ် (ငွေသားဖြင့်ပေးသွင်းသည့် အပ်နှံငွေမှသာ)

                            -   ( ၃ ) လအပ်နှံငွေပေါ်တွင် ၆.၇၅%

                            -   ( ၆ ) လအပ်နှံငွေပေါ်တွင် ၇%

                            -   ( ၉ ) လအပ်နှံငွေပေါ်တွင် ၇.၅ %

                                   -  ( ၁၂ ) လ အပ်နှံငွေပေါ်တွင် ၈% ဝန်ဆောင်မှုအသစ် 

ငွေစုစာအုပ် (Savings Passbook)

ငွေစုဘဏ်စာရင်းပိုင်ရှင်တိုင်းအား ငွေသွင်း/ငွေထုတ်နှင့် လက်ကျန်ငွေတို့ကို အတည်ပြုထားသည့် ငွေစုစာအုပ် ထုတ်ပေးမည်ဖြစ်ပါသည်။ ငွေစုစာအုပ် မပါဘဲ ထုတ်ပေးခွင့်မရှိပါ။

ငွေသွင်းခြင်း (Deposit)

မိမိ Account ထဲသို့ ငွေသွင်းပါက မိမိကိုယ်တိုင် ငွေသွင်းနိုင်သည့်အပြင် ကိုယ်စားလှယ်ဖြင့် လည်း ငွေသွင်းနိုင်သည်။ ငွေသွင်းတိုင်း ငွေစုစာအုပ် တင်ပြရမည်။

ထုတ်ယူခြင်း (Withdraw)

မိမိ Account ထဲရှိ ငွေကို မိမိကိုယ်တိုင် ထုတ်ယူနိုင်သည့်အပြင် ကိုယ်စားလှယ်ဖြင့်လည်း ငွေထုတ်ယူနိုင်သည်။ ငွေထုတ်ယူတိုင်း ငွေစုစာအုပ်နှင့် မှတ်ပုံတင်မူရင်းကို တင်ပြရမည်။ အပ်နှံငွေ စာရင်းမှ ငွေထုတ်ယူခြင်းကို ရက်သတ္တတစ်ပတ်လျှင် တစ်ကြိမ်သာ ထုတ်ယူခွင့် ပြုပါသည်။

ပုံသေအပ်ငွေစာရင်း ဖွင့်လှစ်ထားသူများအား အောက်ပါဝန်ဆောင်မှုများ ဆောင်ရွက်ပေးပါမည်-

  • ပုံသေအပ်ငွေ စာရင်း အချိန်စေ့ ရောက်သည့်နေ့တွင် ငွေအပ်နှံသူမှ ဘဏ်သို့ လာရောက်၍ ငွေသား ပြန်လည် ထုတ်ယူနိုင်ပါသည်။
  • ပုံသေအပ်နှံငွေ စာရင်းကို အချိန်စေ့ ရောက်တိုင်း သက်တမ်း တိုးပေးရန် စာရင်းပိုင်ရှင်မှ ဘဏ်သို့ ညွှန်ကြားထားနိုင်ပါသည်။
  • ပုံသေအပ်နှံငွေ စာရင်းမှ အတိုးကို အတိုးငွေသာ ထုတ်ယူမည် (သို့) ငွေစုဘဏ် စာရင်းသို့ ထည့်သွင်းရမည်ကို စာရင်းပိုင်ရှင်မှ ဘဏ်သို့ ညွှန်ကြားထားနိုင်ပါသည်။

ငွေသွင်းခြင်းနှင့် ငွေထုတ်ခြင်းကို ဆောင်ရွက်နိုင်သည့် နည်းလမ်းများမှာ-

  • ငွေသားဖြင့်ပေးသွင်းခြင်း / ထုတ်ခြင်း
  • စာရင်းပြောင်းပေးသွင်းခြင်း / ထုတ်ခြင်း
  • ချက်လက်မှတ်ဖြင့်ပေးသွင်းခြင်း

မှက်ချက်။ ငွေသားဖြင့် ငွေပေးသွင်းခြင်းကို ကျပ်သိန်း(၁၀၀) အထိလည်းကောင်း၊ ကျပ်သိန်း(၁၀၀) အထက်ဖြစ်လျှင် ချက်လက်မှတ်ဖြင့်လည်းကောင်း၊ ဘဏ်တွင် ဖွင့်လှစ်ထားသော ကျပ်ငွေစာရင်းမှ စာရင်းလွှဲပြောင်းသည့် စနစ်ဖြင့်လည်းကောင်း၊ CBM-NET ဖြင့် လည်းကောင်း ပေးသွင်းနိုင်ပါသည်။