departments

သုတေသန၊ မူ၀ါဒနှင့် ဥပဒေရေးရာဌာနခွဲ

 

သုတေသန၊ မူဝါဒနှင့် ဥပဒေရေးရာဌာနခွဲ

        သုတေသန၊ မူဝါဒနှင့် ဥပဒေရေးရာဌာနခွဲအနေဖြင့် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်၏ မူဝါဒ၊ ရည်မှန်းချက်နှင့် လုပ်ငန်းစဉ်များချမှတ်နိုင်ရေးနှင့် အဆိုပါလုပ်ငန်းစဉ်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှု အစီရင်ခံစာများပြုစုခြင်းကို ဆောင်ရွက်လျက်ရှိပါသည်။ ဘဏ်လုပ်ငန်းဆိုင်ရာဆောင်ရွက်ချက်များနှင့် စပ်လျဉ်းသည့် စာရင်းအင်းအချက်အလက်များ၊ အစီရင်ခံစာများပြုစု၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ တင်ပြဆောင်ရွက်လျက်ရှိပါသည်။ ပြည်ထောင်စုဝန်ကြီးဌာန/ လုပ်ငန်းအဖွဲ့အစည်းများ၏ ဥပဒေ(မူကြမ်း)၊ စည်းမျဉ်းနှင့် လုပ်ထုံးလုပ်နည်း(မူကြမ်း)များ၊ အဆိုပါ ဝန်ကြီးဌာန/ အဖွဲ့အစည်းများအနေဖြင့် ပြည်ပနိုင်ငံအစိုးရအဖွဲ့အစည်းများ၊ INGO/ NGO နှင့် ပုဂ္ဂလိကလုပ်ငန်းအဖွဲ့အစည်းတို့နှင့် လုပ်ငန်းဆောင်ရွက်ရန် သဘောတူစာချုပ် (မူကြမ်း) များနှင့် နားလည်မှုစာချွန်လွှာများအပေါ် သဘောထားမှတ်ချက်များကိုလည်းကောင်း၊  အစည်းအဝေးနှင့် ဆွေးနွေးပွဲများတွင် ထည့်သွင်းဆွေးနွေး ပြောကြားစေလိုသည့်အချက်များနှင့် သတင်းအချက်အလက်များကို လည်းကောင်း ပြည်ထောင်စုဝန်ကြီးရုံးသို့ ပေးပို့တင်ပြခြင်းကို ဆောင်ရွက်လျက်ရှိပါသည်။ သတင်းစာ၊ စာအုပ်၊ ဂျာနယ်၊ မဂ္ဂဇင်း၊ ဥပဒေ၊ နည်းဥပဒေ၊ အစိုးရမူဝါဒများ၊ အဆက်အသွယ်ဘဏ်များ၏ နှစ်ပတ်လည်အစီရင်ခံစာများနှင့် စာအုပ်စာတမ်းထုတ်ဝေထားမှုများ၊ ဝန်ကြီးဌာနအသီးသီး၏ ထုတ်ဝေသည့်စာစောင်များကိုလည်း သုတေသနလုပ်ငန်းနှင့် လုပ်ငန်းလိုအပ်ချက်ရည်ညွှန်းနိုင်ရန် ထိန်းသိမ်းထားရှိပါသည်။ သင့်လျော်သည့် စာအုပ်စာတမ်းများကို စုဆောင်းခြင်း၊ ဝန်ထမ်းများ အသိပညာတိုးမြင့်စေရေး ပြန်လည်ငှားရမ်းခြင်းကဲ့သို့သော စာကြည့်တိုက်လုပ်ငန်းငယ်တစ်ခု၏ ဝန်ဆောင်မှုများလည်း ဆောင်ရွက်ပါသည်။ သုတေသန၊ မူဝါဒနှင့် ဥပဒေရေးရာဌာနခွဲအနေဖြင့် ပြည်တွင်းပြည်ပအဖွဲ့အစည်းများမှ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်၏ အရာထမ်းကြီးများထံ တွေ့ဆုံခွင့်တောင်းခံလာခြင်းများနှင့် စပ်လျဉ်း၍လည်း စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါသည်။

 

 

ဤဌာနမှ ဝန်ဆောင်မှုပေးနေသည့် လုပ်ငန်းများနှင့် အချက်အလက်များအား သိရှိလိုပါက အောက်ဖော်ပြပါ ဖုန်းနံပါတ်သို့ ခေါ်ဆို၍ မေးမြန်းနိုင်ပါသည်။

မန်နေဂျာ

ဖုန်း- ၉၅-၁-၈၃၈၈၄၂၅