စာရင်းဌာန၏ဝန်ဆောင်မှုလုပ်ငန်းများ
- စာရင်းရှင်စာရင်းဖွင့်လှစ်ခြင်း
- အမေရိကန်ဒေါ်လာ၊ ယူရိုငွေကြေး၊ စင်္ကာပူဒေါ်လာ တို့ဖြင့်စာရင်းဖွင့်လှစ်ခြင်း
- ကျပ်ငွေဖြင့်စာရင်းရှင်စာရင်းဖွင့်လှစ်ခြင်း
- ပုံသေအပ်နှံငွေစာရင်းဖွင့်လှစ်ခြင်း (အမေရိကန်ဒေါ်လာ၊ ကျပ်ငွေ)
- ငွေစုဘဏ်စာရင်းဖွင့်လှစ်ခြင်း (ကျပ်ငွေ၊ ATM Card စာရင်းဖွင့်လှစ်ခြင်း)
- စာရင်းလွှဲပြောင်းခြင်း
- နိုင်ငံခြားငွေ
- ဤဘဏ်ရှိစာရင်းတစ်ခုမှ အခြားစာရင်းတစ်ခုသို့ စာရင်းလွှဲပြောင်းခြင်း
- ဤဘဏ်ရှိစာရင်းတစ်ခုမှ အခြားဘဏ်တစ်ခုရှိ စာရင်းသို့လွှဲပြောင်းခြင်း
- ကျပ်ငွေ (MMK)
- CBM –Net ဖြင့်စာရင်းလွှဲပြောင်းခြင်း(A/c transfer by CBM-Net)
- ဘဏ်ရှိ စာရင်းတစ်ခုမှတစ်ခုသို့လွှဲပြောင်းခြင်း (In-house A/c Transfer)
- ငွေပေးအမိန့်လွှာ/ချက်လက်မှတ်ထုတ်ပေးခြင်း
- ငွေထုတ်ပေးခြင်း
- ကျပ်ငွေထုတ်ချေးခြင်း
- မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ကြီးမှူးကျင်းပသော လေလံပွဲတွင် အစိုးရငွေစုလက်မှတ်နှင့် နှစ်ရှည်ငွေတိုက်စာချုပ်တို့အတွက် ဝင်ရောက်ယှဉ်ပြိုင်ခြင်း
- အပ်ငွေလေလံဝင်ရောက်ယှဉ်ပြိုင်ခြင်း
ဘဏ်တွင်းစာရင်းနှင့်စာရင်းရှင်းလင်းရေးဌာနစိတ်၏ လုပ်ငန်းဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
- ဘဏ်တွင်းဌာနအသီးသီးမှ ပေးပို့သော တစ်နေ့တာ Voucher များအား စာရင်းကိုက်ညှိစစ်ဆေးပြီး အထွေထွေလယ်ဂျာစာရင်းများသို့ ရေးသွင်းခြင်း
- Cheque များအား Clearing House (ဗဟိုဘဏ်)တွင်စာရင်းရှင်းလင်းခြင်း(MCH)
- Cash, Clearing, Transfer စာရင်းများကိုက်ညီမှု ရှိ/မရှိ စစ်ဆေးပြီး နေ့စဉ်စာရင်းပိတ်ခြင်းလုပ်ငန်း ဆောင်ရွက်ခြင်း
- လစဉ်စာရင်းပိတ်ခြင်းအတွက် အထက်ပါဆောင်ရွက်ချက်များအပြင် ဝင်ငွေ၊ သုံးငွေစာရင်းနှင့် လက်ကျန် စာရင်းရှင်းတမ်းပြုစုခြင်း
- နှစ်ဝက်ချုပ်စာရင်းပိတ်ချိန်တွင် ဘဏ်ရှိ နိုင်ငံခြားငွေလက်ကျန်စာရင်းအားလုံးအား ယင်းနေ့၏ CBM Rate ဖြင့် Profit & Loss တွက်ချက်ခြင်း ၊ ဝင်ငွေ ၊ သုံးငွေစာရင်းနှင့် လက်ကျန်စာရင်း ရှင်းတမ်းပြု စု ခြင်း
- နှစ်ချုပ်စာရင်းပိတ်ချိန်တွင် နှစ်ဝက်ချုပ်စာရင်းပိတ်သည့် ဆောင်ရွက်ချက်များအတိုင်း စာရင်းပိတ်ပြီး ဘဏ္ဍာရေးနှစ်အတွက် နှစ်ချုပ်ဘဏ္ဍာရေးအစီရင်ခံစာပြုစုရေးဆွဲ ခြင်း
ပုံသေအပ်နှံငွေစာရင်း (USD)
- စာရင်းရှင်စာရင်းဖွင့်ပြီးမှသာ ပုံသေအပ်နှံငွေစာရင်း ဖွင့်ပိုင်ခွင့်ရှိပါသည်။
- အနည်းဆုံး USD 1000/- ဖြင့်စတင်ဖွင့်လှစ်ရပါမည်။
- အတိုးနှုန်းမှာ ၁နှစ်လျှင် 0.5% ဖြစ်ပြီး ၆ လလျှင် (၁)ကြိမ် (0.25%)ဖြင့် အတိုးပေးပါသည်။
- ၆ လအနည်းဆုံးထားရှိမှသာ အတိုးပေးပါသည်။
မှတ်ချက်။ ။ အပ်နှံချိန် (၆) လ မပြည့်မီ ငွေပြန်လည်ထုတ်ယူပါက အတိုးမရရှိပါ။
စာရင်းဖွင့်ဌာန
National Account / Personal Account ဖွင့်လှစ်လိုပါကလိုအပ်ချက်များ
- စာရင်းဖွင့်လျှောက်လွှာ
- နိုင်ငံသားစိစစ်ရေးကတ်
- နိုင်ငံခြားငွေရရှိကြောင်းအထောက်အထား
- ကနဦးအပ်နှံငွေအမေရိကန်ဒေါ်လာ100/-
- ယူရိုငွေကြေး 100/- စင်္ကာပူဒေါ်လာ100/-
- ထိုးမြဲလက်မှတ်နမူနာပုံစံ
- ဓါတ်ပုံ(၂) ပုံ
- မိတ်ဆက်ထောက်ခံသူ(၂)ဦး
Embassy Account ဖွင့်လှစ်လိုပါကတင်ပြရန်လိုအပ်ချက်များ
- သံရုံးမှ စာရင်းဖွင့်လှစ်ပေးရန် လျှောက်လွှာ
- နိုင်ငံခြားရေးဝန်ကြီးဌာနမှ အကြောင်းကြားစာ
- စီမံကိန်း၊ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၏ စာရင်းဖွင့်လှစ်ခွင့်ပြုကြောင်းခွင့်ပြုမိန့်
- သံရုံး၏စာရင်းအားလက်မှတ်ရေးထိုးဆောင်ရွက်မည့်သူ၏ဓါတ်ပုံ(၂)ပုံ၊ နိုင်ငံကူးလက်မှတ်မိတ္တူနှင့်ဗီဇာမိတ္တူများ
- ကနဦးအပ်နှံငွေအမေရိကန်ဒေါ်လာ ၁၀၀/-ယူရိုငွေကြေး ၁၀၀/-၊ စင်္ကာပူဒေါ်လာ ၁၀၀/-
- ထိုးမြဲလက်မှတ်နမူနာ
- လက်မှတ်ရေးထိုးသူ၏ အမည်၊ ရာထူး၊ သံရုံးအမည်ပါစည်းတံဆိပ်တုံး
Company Account ဖွင့်လှစ်လိုပါကတင်ပြရန်လိုအပ်ချက်များ
နိုင်ငံသားပိုင် ကုမ္ပဏီများ
- စာရင်းဖွင့်လှစ်လိုကြောင်းလျှောက်လွှာ
- ဒါရိုက်တာအဖွဲ့၏ အစည်းအဝေးဆုံးဖြတ်ချက်မှတ်တမ်း
- အီလက်ထရောနစ် ကုမ္ပဏီမှတ်ပုံတင်စနစ်(MYCO) လျှောက်ထားသောကုမ္ပဏီမှတ်ပုံတင်မိတ္တူ(Company Registeration Certificate) (သမဝါယမအသင်းဖြစ်ပါက အသင်းမှတ်ပုံတင် မိတ္တူ)၊
- ကုမ္ပဏီ(Profile) ၊(သမဝါယမအသင်းဖြစ်ပါကအသင်းသားစာရင်း)၊
- ထုတ်ကုန် / သွင်းကုန်လိုင်စင် (Certificate of Export/Import Registeration)
- လက်မှတ်ရေးထိုးဆောင်ရွက်မည့်သူများ၏ ထိုးမြဲလက်မှတ်နမူနာ၊ ဓါတ်ပုံ(၂)ပုံနှင့်မှတ်ပုံတင် မိတ္တူ၊
- ကနဦးအပ်နှံငွေအမေရိကန်ဒေါ်လာ၁၀၀/- ၊ ယူရိုငွေကြေး၁၀၀/- ၊ စင်္ကာပူဒေါ်လာ ၁၀၀/-၊ ( မြန်မာကျပ်ငွေ Current Account ဖွင့်လှစ်လိုပါက ကနဦးအပ်နှံငွေ MMK 10000/-)
နိုင်ငံခြားသားပိုင် ကုမ္ပဏီများ
- စာရင်းဖွင့်လှစ်လိုကြောင်းလျှောက်လွှာ
- ဒါရိုက်တာအဖွဲ့အစည်းအဝေးမှတ်တမ်း (သို့မဟုတ်) Power of Attorney and Myanmar Embassy Attested.
- အီလက်ထရောနစ်ကုမ္ပဏီ မှတ်ပုံတင်စနစ် (MYCO) လျှောက်ထားသော ကုမ္ပဏီ မှတ်ပုံတင် မိတ္တူ၊
- ကုမ္ပဏီ (Profile)၊ လက်မှတ်ရေးထိုးဆောင်ရွက်မည့်သူများ၏ထိုးမြဲလက်မှတ်နမူနာ၊ ဓါတ်ပုံ( ၂ ) ပုံနှင့် နိုင်ငံကူးလက်မှတ်မိတ္တူနှင့် ဗီဇာမိတ္တူ
- ကနဦးအပ်နှံငွေအမေရိကန်ဒေါ်လာ၁၀၀/- ၊ ယူရိုငွေကြေး၁၀၀/- ၊ စင်္ကာပူဒေါ်လာ ၁၀၀/-
- (မြန်မာကျပ်ငွေ Current Account ဖွင့်လှစ်လိုပါကကနဦးအပ်နှံငွေ MMK 10000/-)
အစိုးရအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများ စာရင်းဖွင့်လှစ်လိုပါက တင်ပြရန်အချက်များ
- စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၏ စာရင်းဖွင့်လှစ်ခွင့်ပြုကြောင်းခွင့်ပြုမိန့်
- စာရင်းဖွင့်လှစ်လိုကြောင်းလျှောက်လွှာ
- အစည်းအဝေးမှတ်တမ်း
- ဓါတ်ပုံ( ၂ ) ပုံနှင့် နိုင်ငံကူးလက်မှတ်မိတ္တူ / ဗီဇာမိတ္တူ၊ နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ၊
- ကနဦးအပ်နှံငွေအမေရိကန်ဒေါ်လာ၁၀၀/- ၊ ယူရိုငွေကြေး၁၀၀/- ၊ စင်္ကာပူဒေါ်လာ ၁၀၀/-
- (မြန်မာကျပ်ငွေ Current Account ဖွင့်လှစ်လိုပါကကနဦးအပ်နှံငွေ MMK 10000/-)
ငွေစုဘဏ်လုပ်ငန်းနှင့် ပုံသေအပ်နှံငွေစာရင်း
Savings Account and Fixed Deposit Account
ငွေစုဘဏ်စာရင်း (Saving Deposit Account)
စာရင်းဖွင့်လှစ်နိုင်သူများ
- ပုဂ္ဂလိကတစ်ဦးချင်းအသက်(၁၈)နှစ်ပြည့်ပြီးသူဖြစ်ရမည်။
စာရင်းဖွင့်ရန်အတွက်လိုအပ်သော အချက်များ
- ပုဂ္ဂလိကတစ်ဦးချင်း
(၁) နိုင်ငံသားစိစစ်ရေးကဒ်မူရင်း/မိတ္တူတင်ပြရမည်။
(၂) ဘဏ်မှသတ်မှတ်ပုံစံတွင် ဖြည့်စွက်၍ စာရင်းဖွင့်လှစ်ခွင့် လျှောက်ထားရမည်။
(၃) ကျပ်သိန်း(၁၀၀)အထက်အပ်နှံခြင်းဖြစ်လျှင်ဝင်ငွေရလမ်းဖော်ပြနိုင်ရမည်။ဘဏ်မှလိုအပ်ချက်တောင်းခံလျှင် အထောက်အထား တင်ပြနိုင်ရမည်။
ကနဦးအပ်နှံငွေ - ၁၀၀၀ ကျပ်
အနည်းဆုံးလက်ကျန်ငွေ - ၁၀၀၀ ကျပ်
အတိုးနှုန်း(တစ်နှစ်လျှင်) - ၅ %
အတိုးတွက်ပုံ
အပ်နှံငွေကို လစဉ် လဆန်း (၁) ရက်နေ့မှ(၄) ရက်နေ့အတွင်း ပေးသွင်းနိုင်ပြီး လကုန်ရက်တွင် ကျန်ရှိသောအနည်းဆုံး လက်ကျန်ပေါ်တွင် တွက်ချက်၍ (၆)လလျှင် တစ်ကြိမ် အတိုးထည့်သွင်းပေးခြင်း
ပုံသေအပ်ငွေစာရင်း (Fixed Deposit Account)
စာရင်းဖွင့်လှစ်လှစ်နိုင်သူများ
- ပုဂ္ဂလိကတစ်ဦးချင်းအသက်(၁၈)နှစ်ပြည့်ပြီးသူဖြစ်ရမည်။
စာရင်းဖွင့်ရန်အတွက်လိုအပ်သောအချက်များ
- ပုဂ္ဂလိကတစ်ဦးချင်း
(၁) နိုင်ငံသားစိစစ်ရေးကဒ်မူရင်း/မိတ္တူတင်ပြရမည်။
(၂) ဘဏ်မှသတ်မှတ်ပုံစံတွင် ဖြည့်စွက်၍ စာရင်းဖွင့်လှစ်ခွင့် လျှောက်ထားရမည်။
(၃)ကျပ်သိန်း(၁၀၀)အထက် အပ်နှံခြင်းဖြစ်လျှင် ဝင်ငွေရလမ်း ဖော်ပြနိုင်ရမည်။ ဘဏ်မှ လိုအပ်ချက်တောင်းခံလျှင် အထောက်အထား တင်ပြနိုင်ရမည်။
- ကုမ္ပဏီ / အဖွဲ့အစည်း
(၁) ကုမ္ပဏီမှတ်ပုံတင်သည့် စာရွက်စာတမ်းမိတ္တူ
(၂) MFTB တွင် ငွေစုဘဏ်စာရင်း ဖွင့်လှစ်ရန် အစည်းအဝေးဆုံးဖြတ်ချက်နှင့် ဘဏ်စာရင်းတွင် ငွေသွင်း/ထုတ်ဆောင်ရွက်မည့် ပုဂ္ဂိုလ်(၁)ဦး (သို့) တစ်ဦးထက်ပိုသော ပုဂ္ဂိုလ်များ
(၃) ဘဏ်မှသတ်မှတ်ပုံစံတွင် ဖြည့်စွက်၍ စာရင်းဖွင့်ခွင့် လျှောက်လွှာ (သို့) ကုမ္ပဏီ / အဖွဲ့ အစည်း၏ Letter Head ဖြင့် ငွေစုဘဏ်စာရင်း ဖွင့်လှစ်ခွင့်လျှောက်လွှာ
(၄) ဘဏ်စာရင်းတွင် ငွေသွင်း/ငွေထုတ်ဆောင်ရွက်မည့် ပုဂ္ဂိုလ်များ၏ နိုင်ငံသားစိစစ်ရေးကဒ် မူရင်း / မိတ္တူ
(၅) ငွေစုဘဏ်စာရင်း ဖွင့်လှစ်ခွင့်လျှောက်သော ကာလနှင့် တဆက်တည်းဖြစ်သောပြီးခဲ့သော ဘဏ္ဍာရေးနှစ်၏ စာရင်းစစ်ဆေးပြီး ဘဏ္ဍာရေးရှင်းတမ်း
(၆) အခွန်ကင်းရှင်းကြောင်း (သို့) အခွန်ထမ်းဆောင်ပြီးကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန၏ ထောက်ခံစာ (ကျပ်သိန်း (၁၀၀) နှင့် အထက်ဖြစ်လျှင် )
အပ်နှံငွေ (အနည်းဆုံး)
- ပုဂ္ဂလိကတစ်ဦးချင်း - ၁၀၀,၀၀၀ ကျပ်
- ကုမ္ပဏီ / အဖွဲ့အစည်း - ၁,၀၀၀,၀၀၀ ကျပ်
အတိုးနှုန်း - (၃) လအပ်နှံငွေပေါ်တွင် ၆%
- (၆) လအပ်နှံငွေပေါ်တွင် ၆.၅ %
- (၉) လအပ်နှံငွေပေါ်တွင် ၇ %
မှတ်ချက်။ ။ အတိုးတွက်ချက်ရာတွင် မြန်မာကျပ်ငွေစုဘဏ်အပ်နှံငွေနှင့် ပုံသေအပ်နှံ ငွေများအတွက် ၁-၅-၂၀၂၀ ရက်နေ့မှစတင်၍ အပ်နှံသည့် အပ်ငွေအသစ်များကို ယခုပြင်ဆင်သည့် အတိုးနှုန်းထားအသစ်နှင့် တွက်ချက်မည်ဖြစ်ပြီး၊ ယခင်အပ်နှံထား သည့် ပုံသေအပ်နှံငွေ (၃လ၊ ၆လ၊ ၉လ) အပ်ငွေများကို မူလအတိုးနှုန်းဟောင်းများအတိုင်း သက်တမ်းပြည့်သည်အထိ ဆက်လက်တွက်ချက် မည်ဖြစ်ပါသည်။
ငွေစုစာအုပ် (Savings Passbook)
ငွေစုဘဏ်စာရင်းပိုင်ရှင်တိုင်းအား ငွေသွင်း/ငွေထုတ်နှင့်လက်ကျန်ငွေတို့ကို အတည်ပြုထားသည့် ငွေစုစာအုပ် ထုတ်ပေးမည်ဖြစ်ပါသည်။ ငွေစုစာအုပ်မပါဘဲ ငွေထုတ်ခွင့် မရှိပါ။
ငွေသွင်းခြင်း (Deposit)
မိမိ Account ထဲသို့ ငွေသွင်းပါက မိမိကိုယ်တိုင် ငွေသွင်းနိုင်သည့်အပြင် ကိုယ်စားလှယ်ဖြင့်လည်း ငွေသွင်းနိုင်သည်။ ငွေသွင်းတိုင်း ငွေစုစာအုပ် တင်ပြရမည်။
ထုတ်ယူခြင်း (Withdraw)
မိမိ Account ထဲရှိ ငွေကို မိမိကိုယ်တိုင် ထုတ်ယူနိုင်သည့်အပြင် ကိုယ်စားလှယ်ဖြင့်လည်း ငွေထုတ်ယူနိုင်သည်။ ငွေထုတ်ယူတိုင်း ငွေစုစာအုပ်နှင့် မှတ်ပုံတင်မူရင်းကို တင်ပြရမည်။ အပ်နှံငွေ စာရင်းမှ ငွေထုတ်ယူခြင်းကို ရက်သတ္တတစ်ပတ်လျှင် တစ်ကြိမ်သာ ထုတ်ယူခွင့် ပြုပါသည်။
ပုံသေအပ်ငွေစာရင်း ဖွင့်လှစ်ထားသူများအား အောက်ပါဝန်ဆောင်မှုများ ဆောင်ရွက်ပေးပါမည်-
- ပုံသေအပ်ငွေ စာရင်း အချိန်စေ့ရောက်သည့်နေ့တွင် ငွေအပ်နှံသူမှ ဘဏ်သို့ လာရောက်၍ ငွေသား ပြန်လည်ထုတ်ယူနိုင်ပါသည်။
- ပုံသေအပ်နှံငွေ စာရင်းကို အချိန်စေ့ ရောက်တိုင်းသက်တမ်း တိုးပေးရန် စာရင်းပိုင်ရှင်မှ ဘဏ်သို့ ညွှန်ကြားထားနိုင်ပါသည်။
- ပုံသေအပ်နှံငွေ စာရင်းမှ အတိုးကို အတိုးငွေသာ ထုတ်ယူမည် (သို့) ငွေစုဘဏ် စာရင်းသို့ ထည့်သွင်းရမည်ကို စာရင်းပိုင်ရှင်မှ ဘဏ်သို့ ညွှန်ကြား ထားနိုင်ပါ သည်။
ငွေသွင်းခြင်းနှင့် ငွေထုတ်ခြင်းကို ဆောင်ရွက်နိုင်သည့် နည်းလမ်းများမှာ-
- ငွေသားဖြင့်ပေးသွင်းခြင်း / ထုတ်ခြင်း
- စာရင်းပြောင်းပေးသွင်းခြင်း / ထုတ်ခြင်း
- ချက်လက်မှတ်ဖြင့်ပေးသွင်းခြင်း
မှက်ချက်။ ငွေသားဖြင့် ငွေပေးသွင်းခြင်းကို ကျပ်သိန်း(၁၀၀) အထိလည်းကောင်း၊ ကျပ်သိန်း(၁၀၀) အထက်ဖြစ်လျှင် ချက်လက်မှတ်ဖြင့်လည်းကောင်း၊ ဘဏ်တွင် ဖွင့်လှစ်ထားသော ကျပ်ငွေစာရင်းမှ စာရင်းလွှဲပြောင်းသည့်စနစ်ဖြင့်လည်းကောင်း၊ CBM-NET ဖြင့်လည်းကောင်း ပေးသွင်းနိုင်ပါသည်။
ပုဂ္ဂလိကတစ်ဦးချင်း အတွက် မြန်မာကျပ် စာရင်းရှင်စာရင်းဖွင့်လှစ်ခြင်း
မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်သည် မိမိဘဏ်နှင့် ဆက်သွယ်ဆောင်ရွက်နေသူ (customer) များအား ဝန်ဆောင်မှုအသစ်အဖြစ် မြန်မာကျပ်စာရင်းရှင်စာရင်းများအား ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၁၈)ရက်နေ့မှ စတင်၍ ဖွင့်လှစ်ဆောင်ရွက်ပေးလျှက်ရှိပါသည်။
စာရင်းဖွင့်လှစ်ဆောင်ရွက်ရန်အတွက်လိုအပ်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
- အသက်(၁၈)နှစ်ပြည့်ပြီးသူ ဖြစ်ရမည်။
- စာရင်းပိုင်ရှင်ကိုယ်တိုင် နိုင်ငံသားစိစစ်ရေးကဒ် မူရင်း၊ မိတ္တူ ယူဆောင်လာရန် လိုအပ်ပါသည်။
- ကနဦး အပ်နှံငွေအဖြစ် ကျပ် ၁၀,၀၀၀/-ဖြင့် ဖွင့်လှစ်နိုင်ပါသည်။
မြန်မာကျပ်စာရင်းရှင်စာရင်းသို့ ငွေသွင်း/ငွေထုတ်ခြင်းကို မိမိကိုယ်တိုင်ဆောင်ရွက်နိုင်သည့်အပြင် ကိုယ်စားလှယ်ဖြင့်လည်း ဆောင်ရွက်နိုင်ပါသည်။ စာရင်းပိုင်ရှင် ကိုယ်တိုင် ငွေထုတ်ယူပါက Cheque နှင့် မှတ်ပုံတင်မူရင်းကို တင်ပြရမည်။ ကိုယ်စားလှယ်ဖြင့် ငွေထုတ်ယူပါက Cheque ၊ ကိုယ်စားလှယ်လွှဲစာနှင့် ကိုယ်စားလှယ်၏ မှတ်ပုံတင်မူရင်း တင်ပြရပါမည်။
CBM-Net System ဖြင့်ငွေလွှဲပေးပို့မှုအပေါ် ဝန်ဆောင်ခပြောင်းလဲကောက်ခံခြင်းကိစ္စ။
မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်အနေဖြင့် CBM-Net Phase Ⅱ System အသုံးပြုရာတွင် ယခင်ငွေလွှဲပေးပို့မှုအပေါ် ဝန်ဆောင်ခအား ငွေကျပ် ၄,၀၀၀/- ( သို့မဟုတ် ) USD 4/- ( Per Transaction ) ကောက်ခံလျက်ရှိပါသည်။
ယခုအခါ ( ၁-၇-၂၀၂၂ ) ရက်နေ့မှစ၍ ငွေလွှဲပေးပို့မှုအပေါ် ဝန်ဆောင်ခအားယခင် ငွေကျပ် ၄,၀၀၀/- ကောက်ခံနေခြင်းအစား ငွေလွှဲပမာဏအပေါ်မူတည်၍ အောက်ပါအတိုင်းပြောင်းလဲ ကောက်ခံမည်ဖြစ်ပါကြောင်း Customer များထံသို့ အသိပေးအကြောင်းကြားအပ်ပါသည်-
(က) အစိုးရဌာနအဖွဲ့အစည်းများနှင့် နိုင်ငံပိုင်ဘဏ်များအချင်းချင်းအကြား
(၁) ငွေလွှဲပမာဏကျပ်သိန်း ( ၃၀၀ ) အထိ ( ၃,၀၀၀ ) ကျပ်
(၂) ငွေလွှဲပမာဏကျပ်သိန်း ( ၃၀၀ ) မှ ကျပ်သိန်း ( ၅,၀၀၀ )အထိ ( ၅,၀၀၀ ) ကျပ်
(၃) ငွေလွှဲပမာဏကျပ်သိန်း ( ၅,၀၀၀ ) မှ ကျပ် ( ၁၀ ) ဘီလီယံအထိ (၀.၀၀၁%) ဖြင့်ကောက်ခံရန်
(၄) ငွေလွှဲပမာဏကျပ် ( ၁၀ ) ဘီလီယံအထက် ကျပ် ( ၁၀၀,၀၀၀ )
(ခ) ပုဂ္ဂလိက Transaction များအတွက်
(၁) ငွေလွှဲပမာဏ ကျပ်သိန်း ( ၃၀၀ ) အထိ အများဆုံး ( ၃,၀၀၀ ) ကျပ်
(၂) ငွေလွှဲပမာဏ ကျပ်သိန်း ( ၃၀၀ ) အထက်ကို အများဆုံး ( ၀.၀၁% ) ဖြင့်ကောက်ခံရန်
ဤဌာနမှ ဝန်ဆောင်မှုပေးနေသည့် လုပ်ငန်းများနှင့် အချက်အလက်များအား သိရှိလိုပါက အောက်ဖော်ပြပါ ဖုန်းနံပါတ်သို့ ခေါ်ဆို၍ မေးမြန်းနိုင်ပါသည်။
မန်နေဂျာ
ဖုန်း- ၉၅-၁-၈၃၈၀၆၁၆၊ ၉၅-၁-၈၃၈၈၇၉၀