departments

ဘဏ်အာမခံလုပ်ငန်းများ

ချေးငွေစိစစ်အကဲဖြတ်ခြင်းနှင့် စီမံခန့်ခွဲခြင်းဌာနစု၏ လုပ်ငန်းဆောင်ရွက်ချက်

တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရန် အခြေခံအဆောက်အအုံများ၊ လယ်ယာစိုက်ပျိုးရေး၊ စက်မှုနှင့် ဆက်သွယ်ရေးကဏ္ဍများတွင် ကုန်စည်နှင့်ဆောင်ရွက်မှုများ ဝယ်ယူရေးအတွက် နိုင်ငံတကာအဖွဲ့ အစည်းများ၏ ချေးငွေများအသုံးပြုနိုင်ရေး မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်သည် အစိုးရဌာနများ ကိုယ်စားငွေချေးယူသူအဖြစ်လည်းကောင်း၊ ငွေချေးယူသည့် ဌာနအဖွဲ့အစည်းများ၏ ငွေပေးချေမှု၊ ချေးငွေစီမံခန့်ခွဲမှုဆိုင်ရာ Paying Bank၊  Agent Bank အနေဖြင့်လည်းကောင်း ဆောင်ရွက်လျက် ရှိပါသည်။

ဘဏ်အာမခံဌာနမှ ဝန်ဆောင်မှုပေးနေသောလုပ်ငန်းများ

၁။ ပြည်ပမှ လက်ခံရရှိသော ဘဏ်အာမခံများကို ထုတ်ပေးခြင်း

၂။ အကြောင်းကြားပေးခြင်း

၃။ အတည်ပြုပေးခြင်း

၄။ ပြည်တွင်းတွင် နိုင်ငံခြားငွေ ၊ ကျပ်ငွေဖြင့် ဘဏ်အာမခံများထုတ်ပေးခြင်း

ဘဏ်အာမခံထုတ်ပေးရာတွင်လိုအပ်ချက်များ

အစိုးရဌာနများအတွက်

၁။ ဘဏ်အာမခံထုတ်ပေးရန်လျှောက်လွှာ

၂။ ဘဏ်အာမခံပုံစံ

၃။ စာချုပ်မိတ္တူ

၄။ စီမံကိန်း၊ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန၏ခွင့်ပြုချက်

ပုဂ္ဂလိကလုပ်ငန်းများအတွက်

၁။ ဌာနဆိုင်ရာနှင့် ကုမ္ပဏီ၏လျှောက်လွှာ

၂။ ဘဏ်အာမခံတန်ဖိုးနှင့် ကော်မရှင်ပေးသွင်းကြောင်းအထောက်အထား

    - ငွေသားဖြင့်ပေးသွင်းပါက Credit Advice

    -  T.T ဖြင့်ပေးသွင်းပါကငွေဝင်ပြီးကြောင်းCredit Advice

     - Account Transferဖြင့်ပေးသွင်းပါကငွေစာရင်းစာအုပ်မူရင်းနှင့်မိတ္တူ

၃။   Firm Order / Contract မိတ္တူ

ဘဏ်အာမခံပယ်ဖျက်ခြင်းအတွက်လိုအပ်ချက်များ

အစိုးရဌာနများအတွက်

၁။ လျှောက်လွှာ

၂။ ဘဏ်အာမခံမူရင်း

ပုဂ္ဂလိကလုပ်ငန်းများအတွက်

၁။ ဌာနဆိုင်ရာနှင့် ကုမ္ပဏီ၏လျှောက်လွှာ

၂။ ဘဏ်အာမခံမူရင်း

၃။ ဘဏ်အာမခံစပေါ်တင်သွင်းငွေ ( Deposit )ကို ကုမ္ပဏီ၏နိုင်ငံခြားငွေစာရင်းသို့ ပြန်လည် ထည့်သွင်းလိုပါက Debit Advice မူရင်း

ဘဏ်အာမခံကော်မရှင်ကောက်ခံခြင်း

၁။    ဘဏ်အာမခံထုတ်ပေးခြင်း (Guarantee Issuing) ဘဏ်အာမခံတန်ဖိုး၏ ¼ % per 3months or part there of Min USD 50/- (သို့) ညီမျှသောကျပ်

၂။    ဘဏ်အာမခံအကြောင်းကြားပေးခြင်း( Guarantee Advising) USD 50/- (သို့) ညီမျှသောကျပ်

၃။    ဘဏ်အာမခံပြင်ဆင်ချက်အကြောင်းကြားပေးခြင်း

(Amendment Advising Commission) USD 30/- (သို့) ညီမျှသောကျပ်

၄။        ဘဏ်အာမခံပြင်ဆင်ချက် (Amendment Commission)(Domestic/Overseas Issuing)

(က)  သက်တမ်း + ငွေပမာဏတိုးပါက   ¼ % per (3) months(Min USD 50/-) (သို့) ညီမျှသောကျပ်

(ခ)    အခြားပြင်ဆင်ချက် USD 50/- (သို့) ညီမျှသောကျပ် (ပုံသေနှုန်း)

   ဤဌာနမှ ဝန်ဆောင်မှုပေးနေသည့် လုပ်ငန်းများနှင့် အချက်အလက်များအား သိရှိလိုပါက အောက်ဖော်ပြပါ ဖုန်းနံပါတ်သို့ ခေါ်ဆို၍ မေးမြန်းနိုင်ပါသည်။

မန်နေဂျာ

ဖုန်း- ၉၅-၁-၈၃၈၈၇၉