about mftb

လုပ်ငန်းတာဝန်များ

ရည်ရွယ်ချက်

မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်သည် နိုင်ငံတကာဘဏ်လုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ခဲ့သည့် နိုင်ငံတော်ပိုင်ဘဏ်တစ်ခုဖြစ်သည့်အားလျော်စွာ နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများ၊ ဉီးစီးဌာနများ၊ ပုဂ္ဂလိကကုမ္ပဏီများ၏ အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုလုပ်ငန်းများ၊ နိုင်ငံသားများ၊ သံတမန်များ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများ၏ နိုင်ငံခြားငွေပေးငွေယူကိစ္စများကို မိမိ၏ကြီးမားကြယ်ပြန့်ပြီး ခိုင်မာသော ပြည်ပအဆက်အသွယ်ဘဏ်များမှ တဆင့်ဖြစ်ပေါ် တိုးတက်လျှက်ရှိသော ခေတ်မီနည်းစနစ်များနှင့်အညီ ချောမွေ့လျင်မြန်စွာ ဆောင်ရွက်နိုင်မည့် အပြည်ပြည်ဆိုင်ရာ ဘဏ်လုပ်ငန်းစနစ်များဖြင့် နိုင်ငံတော်၏ ငွေရေးကြေးရေးဝန်ဆောင်မှုကဏ္ဍ တိုးတက် မြင့်မားရေးကို အကောင်ထည်ဖေါ်ရန် ဖြစ်ပါသည်။

နိုင်ငံတော်အကျိုးသယ်ပိုးထမ်းဆောင်နိုင်မှု

နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ၊ သမဝါယမကဏ္ဍမှ စီးပွားရေးအဖွဲ့အစည်းများ၊ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ပို့ကုန်သွင်းကုန်လုပ်ငန်းများ၊ နိုင်ငံတကာကူးသန်း ရောင်းဝယ်မှုလုပ်ငန်းများကို တိုးချဲ့လုပ်ကိုင်လာကြသည်နှင့်အညီ အဆိုပါလုပ်ငန်းများ၏ ငွေရေးကြေးရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများအား အဆင်ပြေချောမွေ့နိုင်စေရေးအတွက် နိုင်ငံပိုင်ဘဏ်တစ်ခုအနေဖြင့် အစွန်းကုန်ဖြည့်ဆည်းဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူသို့ ပေးနေသော ဝန်ဆောင်မှု

(က) နိုင်ငံခြားသုံးငွေစာရင်းဖွင့်လှစ်ပေးခြင်း၊ အမေရိကန်ဒေါ်လာ၊ ယူရိုနှင့် စင်္ကာပူဒေါ်လာတို့ဖြင့် နိုင်ငံခြားသုံးငွေ စာရင်းများဖွင့်လှစ်ခြင်းကို လက်ခံဆောင်ရွက် ပေးပါသည်။ ဖွင့်လှစ်ထားရှိသော နိုင်ငံခြားငွေစာရင်း အမျိုးအစားများမှာ အောက်ပါအတိုင်း ဖြစ်သည်-

၁။ သံရုံးနှင့်သံရုံးဝန်ထမ်းများစာရင်း

၂။ ကုလသမဂ္ဂနှင့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများစာရင်း

၃။ နိုင်ငံသားပိုင်ကုမ္ပဏီများစာရင်း

၄။ နိုင်ငံသားတစ်ဦးချင်းပိုင်စာရင်း

၅။ ဝန်ကြီးဌာနများနှင့်နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများ၏စာရင်း

၆။ နိုင်ငံခြားသားပိုင်ကုမ္ပဏီများစာရင်းများ

၇။ နိုင်ငံခြားသားတစ်ဦးချင်းပိုင်များ၏စာရင်းများ/ကျွမ်းကျင်မှုအကြံပေးပုဂ္ဂိုလ်များ၏ စာရင်းများ

၈။ ဖက်စပ်ကော်ပိုရေးရှင်းများ၏စာရင်း

(က) အစိုးရဝန်ထမ်းများနှင့် ဝန်ထမ်းမဟုတ်သူများ ပြည်ပသို့သွားရောက်ရာတွင် သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ  နိုင်ငံခြားသုံး ငွေလဲလှယ်ပေးခြင်းနှင့်  ပြည်လည်ပါရှိလာသော နိုင်ငံခြားသုံးငွေများကို ပြန်လည်လက်ခံခြင်း

(ခ) သတ်မှတ်ထားသောစည်းကမ်းချက်များနှင့်အညီ ပြည်ပနိုင်ငံများသို့ ငွေလွှဲပေးပို့ခြင်းနှင့် ပြည်ပမှငွေလွှဲများကို လက်ခံခြင်း

(ဂ) နိုင်ငံခြားသုံး ငွေချက်လက်မှတ်များနှင့် အကြွေးဝယ်ကဒ်ပြားများ (Credit Card) များအတွက် ငွေကောက်ခံပေးခြင်း

(ဃ) အစိုးရ ဌာနများ၊ သံရုံး၊ စီးပွားရေးလုပ်ငန်း၊ NGO ၊ INGO  တို့မှ နေ့စဉ်ငွေသားများ ပေးသွင်းမှု လက်ခံဆောင်ရွက်ပေးခြင်း၊ ငွေပေး အမိန့်လွှာထုတ်ပေးခြင်း။

(င) နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများနှင့် ပုဂ္ဂလိကပိုင် လုပ်ငန်းအဖွဲ့အစည်းများအနေဖြင့် ပြည်ပမှဝယ်ယူတင်သွင်းသော ပစ္စည်းများအတွက် တန်ဖိုးငွေများ ပေးချေခြင်း ကို သွင်းကုန်ငွေလွဲစာတမ်း ဖွင့်လှစ်၍သော်လည်းကောင်း၊ ငွေလွှဲ ပို့သည့် စနစ်အရသော်လည်းကောင်း လက်ခံဆောင်ရွက်ပေးခြင်း၊

(စ) နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းနှင့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်များ၏ ပို့ကုန်တန်ဘိုး နိုင်ငံခြားငွေများကို ပို့ကုန်ငွေလွှဲစာတမ်းအရသော်လည်းကောင်း၊ ပြည်ပငွေလွဲပို့သည့်စနစ်အရ သော်လည်းကောင်း လက်ခံဆောင်ရွက်ပေးခြင်း၊

(ဆ) အစိုးရဌာနများနှင့် နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများ၏ကိုယ်စား စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များအရ ပြည်ပဘဏ်များနှင့် ပြည်ပရှိ ငွေရေးကြေးရေးအဖွဲ့အစည်းများထံမှ ငွေချေးယူခြင်း အာမခံခြင်းနှင့် ပြည်ပရှိ အဆက်သွယ်ဘဏ်များ၏ ညွှန်ကြားချက်များအရ အာမခံထုတ်ပေးခြင်း၊

(ဇ) မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ နေ့စဉ်ပေးပို့သော ရည်ညွှန်းနိုင်ငံခြားငွေလဲလှယ် နှုန်းထားကို အသုံးပြုလျက် ဘဏ်တွင်းအသုံးပြုမည့် နေ့စဉ်နိုင်ငံခြားငွေ လဲလှယ်နှုန်း ထားများ တွက်ချက်ခြင်း၊

(ဈ) ပြည်ပနိုင်ငံအသီးသီးရှိ ဘဏ်ကြီးများနှင့် နိုင်ငံတကာဘဏ်လုပ်ငန်းကိစ္စရပ်များ ဆက်သွယ်ဆောင်ရွက်ခြင်း၊

(ည) ပြည်ပအကူအညီထောက်ပံ့ဆောင်ရွက်သော ဌာန/ အဖွဲ့အစည်းများ၏ စီမံကိန်းများအတွက် အဆက်သွယ်ဘဏ်များသို့   Authorization to pay များ ဖွင့်လှစ် ဆောင်ရွက်ပေးခြင်း၊