announcements

လုံခြုံရေး(၅)ရာထူးနှင့် ရုံးအကူရာထူးနေရာများအတွက် လူတွေ့နှုတ်ဖြေဖြေဆိုခွင့်ရရှိသူများစာရင်းအားကြေညာခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန

မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်

ရန်ကုန်မြို့

လုံခြုံရေး(၅)ရာထူးနှင့် ရုံးအကူရာထူးနေရာများအတွက် လူတွေ့နှုတ်ဖြေဖြေဆိုခွင့်ရရှိသူများစာရင်းအားကြေညာခြင်း

၁။      မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်မှလုံခြုံရေး(၅) ( လစာနှုန်းကျပ်-၁၆၂,၀၀၀-၂,၀၀၀-၁၇၂,၀၀၀ )ရာထူး(၆)နေရာအတွက် (၁၁-၃-၂၀၂၂) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် လူတွေ့နှုတ်ဖြေဖြေဆိုခွင့်ရရှိသူများစာရင်းအားနောက်ဆက်တွဲ(က)ဖြင့် ဖော်ပြထားမည်ဖြစ်ပြီး၊ လုံခြုံရေး(၅) ရာထူးနေရာအတွက် လူတွေ့နှုတ်ဖြေဖြေဆိုခွင့်ရရှိသူများသည် (၁၁-၃-၂၀၂၂)ရက်နေ့၊ နံနက် ( ၉:၃၀ ) နာရီအရောက်မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်၊ ပင်မဆောင်(ပထမထပ်)၊အစည်းအဝေးခန်းမ(၁)တွင် လာရောက်ဖြေဆိုရမည်ဖြစ်ပါသည်။

၂။      မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်မှရုံးအကူ(လစာနှုန်းကျပ်-၁၄၄,၀၀၀-၂,၀၀၀-၁၅၄,၀၀၀)ရာထူး(၁၀)နေရာအတွက် (၁၄-၃-၂၀၂၂) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် လူတွေ့နှုတ်ဖြေဖြေဆိုခွင့်ရရှိသူများစာရင်းအားနောက်ဆက်တွဲ(ခ)ဖြင့် ဖော်ပြထားမည်ဖြစ်ပြီး၊ရုံးအကူရာထူးနေရာအတွက် လူတွေ့နှုတ်ဖြေဖြေဆိုခွင့်ရရှိသူများသည် (၁၄-၃-၂၀၂၂ )ရက်နေ့၊ နံနက် ( ၉:၃၀ ) နာရီအရောက်မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်၊ ပင်မဆောင်(ပထမထပ်)၊အစည်းအဝေးခန်းမ(၁)တွင် လာရောက်ဖြေဆိုရမည်ဖြစ်ပါသည်။

၃။ လူတွေ့နှုတ်ဖြေဖြေဆိုခွင့်ရရှိသူများသည်နိုင်ငံသားစိစစ်ရေးကတ်ပြားများမပျက်မကွက်ယူဆောင်လာရပါမည်။

မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်

အမှတ် (၈၀/၈၆)၊ မဟာဗန္ဓုလပန်းခြံလမ်း၊

ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။

ဖုန်း - ၀၁-၈၃၈၅၀၃၅၊ ၀၁-၈၂၅၄၅၈၄