announcements

မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်၏ (CBM-NET 2) ဖြင့်မြန်မာကျပ်ငွေ၊ငွေလွှဲဝန်ဆောင်မှု

မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်နှင့် ပြည်တွင်းရှိ အခြားဘဏ်များအကြား မြန်မာကျပ်ငွေဖြင့် ငွေလွှဲလက်ခံခြင်း၊ လွှဲပြောင်းပေးခြင်းစသည့် ငွေလွှဲဝန်ဆောင်မှုများကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ငွေပေးချေမှုကွန်ယက်စနစ် - ၂ (CBM-NET 2) ကို (၁၆-၁၁-၂၀၂၀) ရက်နေ့မှ စတင်အသုံးပြု၍ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်သည် ငွေလွှဲခနှုန်းထား သက်သာစွာဖြင့် အချိန်နှင့်တစ်ပြေးညီ လျင်မြန်စွာ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။