announcements

မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်တွင် စာရင်းအမှတ်ဂဏန်(၁၀)လုံးမှ (၁၆)လုံးသို့ပြောင်းလဲဆောင်ရွက်ကြောင်း ကြေငြာခြင်း

၁။   မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်တွင် စာရင်းဖွင့်လှစ်ထားသော နိုင်ငံခြားငွေစာရင်းနှင့် မြန်မာကျပ်ငွေစာရင်းတို့၏ စာရင်းအမှတ်များအား ယခင် စာရင်းအမှတ် ဂဏန်း(၁၀)လုံးအစား စာရင်းအမှတ် ဂဏန်း(၁၆)လုံးသို့ (၁-၁၂-၂၀၂၃) ရက်နေ့မှ စတင်၍  ပြောင်းလဲဆောင်ရွက်မည် ဖြစ်ပါသည်။ 

၂။    သို့ဖြစ်ပါ၍ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်တွင် စာရင်းဖွင့်လှစ်ထားသော လူကြီးမင်းတို့၏ စာရင်းအမှတ်များအား ဘဏ်သို့ ဘဏ်လုပ်ငန်းများလာရောက်ဆောင်ရွက်ချိန်တွင် ငွေလက်ကျန်များအား Update ပြုလုပ်ပြီး ဘဏ်စာအုပ်၏ စာရင်းအမှတ်အား ဂဏန်း(၁၆)လုံးဖြင့် ပြင်ဆင်ပေးမည်ဖြစ်ပါကြောင်း လေးစားစွာဖြင့် အသိပေးအပ်ပါသည်။