announcements

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ (၂၄-၃-၂၀၂၀) ရက်စွဲပါ အတိုးနှုန်းများ ပြင်ဆင်သတ်မှတ် သည့် ညွှန်ကြားချက်အမှတ် ၄/၂၀၂၀ အရ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်သည်အပ်ငွေများ အပေါ်ပေးသည့် အတိုးနှုန်းကို(၁-၄-၂၀၂၀) ရက်နေ့မှစတင်၍အောက်ပါအတိုင်း ပြင်ဆင်သတ်မှတ် လိုက်သည် ။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ (၂၄-၃-၂၀၂၀) ရက်စွဲပါ အတိုးနှုန်းများ ပြင်ဆင်သတ်မှတ်သည့် ညွှန်ကြားချက်အမှတ် ၄/၂၀၂၀ အရ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်သည်အပ်ငွေများ အပေါ်ပေးသည့် အတိုးနှုန်းကို(၁-၄-၂၀၂၀) ရက်နေ့မှစတင်၍အောက်ပါအတိုင်း ပြင်ဆင်သတ်မှတ် လိုက်သည်။

(က)    မြန်မာကျပ်ငွေစုဘဏ် အပ်နှံငွေများ (Savings) အပေါ် တစ်နှစ်လျှင်အတိုးနှုန်း ၆.၅ %၊

(ခ)     မြန်မာကျပ်ငွေ ပုံသေအပ်နှံငွေများအတွက်-

(၃) လလျှင် အတိုးနှုန်း ၇% ၊

(၆) လလျှင် အတိုးနှုန်း ၇.၂၅ % ၊

(၉) လလျှင် အတိုးနှုန်း ၇.၅၀ %

၂။ အတိုးတွက်ချက်ရာတွင် မြန်မာကျပ်ငွေစုဘဏ်အပ်နှံငွေနှင့် ပုံသေအပ်နှံငွေများ အတွက် (၁-၄-၂၀၂၀) ရက်နေ့မှ စတင်၍ အပ်နှံသည့်အပ်နှံငွေ အသစ်များကို ယခုပြင်ဆင်သည့် အတိုးနှုန်းထား အသစ်နှင့် တွက်ချက်ရမည်ဖြစ်ပြီး၊ ယခင်အပ်နှံထားသည့် ပုံသေအပ်နှံငွေ (၃လ၊ ၆လ၊ ၉လ) အပ်ငွေများကို မူလအတိုးနှုန်း‌ဟောင်းများအတိုင်း သက်တမ်းပြည့်သည်အထိ ဆက်လက်တွက်ချက် ရမည်ဖြစ်ပါသည်။