announcements

မြန်မာကျပ်ငွေစုဘဏ်အပ်နှံငွေနှင့် ပုံသေအပ်နှံငွေ အတိုးနှုန်းများ ပြင်ဆင်သတ်မှတ်ခြင်း

မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်သည် အပ်ငွေများအပေါ် ပေးသည့် အတိုးနှုန်းကို (၁-၄-၂၀၂၀) ရက်နေ့မှစတင်၍ အောက်ပါအတိုင်း ပြင်ဆင်သတ်မှတ် ပါသည်-

(က)    မြန်မာကျပ်ငွေစုဘဏ်အပ်နှံငွေများ (Savings) အပေါ် တစ်နှစ်လျှင် အတိုးနှုန်း ၆.၅ % ၊

(ခ)     မြန်မာကျပ်ငွေ ပုံသေအပ်နှံငွေများအတွက်-

(၃) လလျှင် အတိုးနှုန်း၇ % ၊

(၆) လလျှင် အတိုးနှုန်း ၇.၂၅ % ၊

(၉) လလျှင် အတိုးနှုန်း ၇.၅၀ % ၊

၂။       အတိုးတွက်ချက်ရာတွင် မြန်မာကျပ်ငွေစုဘဏ်အပ်နှံငွေနှင့် ပုံသေအပ်နှံငွေများအတွက် (၁-၄-၂၀၂၀) ရက်နေ့မှစတင်၍ အပ်နှံသည့်အပ်နှံငွေအသစ်များကို ယခုပြင်ဆင်သည့် အတိုးနှုန်းထား အသစ်နှင့် တွက်ချက်ရမည်ဖြစ်ပြီး၊ ယခင်အပ်နှံထားသည့် ပုံသေအပ်နှံငွေ (၃လ၊ ၆လ၊ ၉လ) အပ်ငွေများကို မူလအတိုးနှုန်း‌ဟောင်းများအတိုင်း သက်တမ်းပြည့်သည်အထိ ဆက်လက်တွက်ချက် မည်ဖြစ်ပါသည်။

pdf Download: