departments

ပို့ကုန်ဌာန

ပို့ကုန်လုပ်ငန်းရှင်များအတွက်ဝန်ဆောင်မှုပေးခြင်း           

  • ပြည်ပဘဏ်များမှ ဖွင့်လှစ်သည့် ပို့ကုန်ငွေလွှဲစာတမ်းများ လက်ခံအကြောင်းကြား ပေးခြင်း၊
  • ပြည်ပဘဏ်များသို့ ပို့ကုန်တန်ဘိုးငွေတောင်းခံပေးခြင်း၊
  • ကုန်သွယ်မှုအထောက်အပံ့(TradeFinancing)ဆောင်ရွက် ပေးခြင်း၊
  • DP/DA စနစ်ဝန်ဆောင်မှုပေးခြင်း

ပို့ကုန်ငွေလွှဲစာတမ်းထုတ်ယူရန် လိုအပ်သော စာရွက်စာတမ်းများ

(၁) ကုမ္ပဏီ Letter Head ဖြင့် L/C ထုတ်ယူခွင့် လျှောက်လွှာ
(၂) Myco ဖြင့်ဆောင်ရွက်ထားသော Company Registration Certificate
(၃) Myco ဖြင့်ဆောင်ရွက်ထားသော Company Profile
(၄) ကုန်သွယ်ရေးဦးစီးဌာနမှထုတ်ပေးသော ပို့ကုန်လိုင်စင် (သို့မဟုတ်) ပို့ကုန်လိုင်စင် ကင်းလွတ်ခွင့် အထောက် အထားမိတ္တူ
(၅) ဘဏ်စာအုပ်မိတ္တူ

ပို့ကုန်ဆိုင်ရာငွေကြေးအထောက်အပံ့အမျိုးအစားများ

- ပို့ကုန်လုပ်ငန်းရှင်များမှ ပို့ကုန်မတင်ပို့မီ ငွေကြေးအထောက်အပံ့ပေးခြင်း (Pre-shipment Export Trade Financing )
- ပို့ကုန်တင်ပို့ပြီး ငွေကြေးအထောက်အပံ့ပေးခြင်း(Post-shipment Export Trade Financing )

ပို့ကုန်ဆိုင်ရာငွေကြေးအထောက်အပံ့ရယူနိုင်သူများ

- မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်တွင် နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်ထားရှိသည့် ပို့ကုန်လုပ်ငန်းရှင်များ

ပို့ကုန်ဆိုင်ရာငွေကြေးအထောက်အပံ့ရယူရန် လိုအပ်သောစာရွက်စာတမ်းများ

(၁) Export Financing ရယူလိုကြောင်း ကုမ္ပဏီ၏ လျှောက်လွှာ
(၂) ကုန်သွယ်မှုဆိုင်ရာ ငွေကြေးအထောက်အပံ့ အဆိုပြုလွှာ(Trade Financing Proposal)
(၃) ကုန်သွယ်မှုဆိုင်ရာငွေကြေးအထောက်အပံ့ သဘောတူညီချက် (Trade Financing Agreement)
(၄) ဒါရိုက်တာအဖွဲ့အစည်းအဝေးမှတ်တမ်း
(၅) အခွန်ထမ်းဆောင်မှုအခြေအနေ (၃) နှစ်စာ
(၆) ကုမ္ပဏီ/အဖွဲ့အစည်း၏ ဘဏ္ဍာရေးအခြေအနေအတွက် စာရင်းစစ်အတည်ပြုချက်

 

ဤဌာနမှ ဝန်ဆောင်မှုပေးနေသည့် လုပ်ငန်းများနှင့် အချက်အလက်များအား သိရှိလိုပါက အောက်ဖော်ပြပါ ဖုန်းနံပါတ်သို့ ခေါ်ဆို၍ မေးမြန်းနိုင်ပါသည်။

မန်နေဂျာ

ဖုန်း- ၉၅-၁-၈၃၇၂၁၃၈ လိုင်းခွဲ ၂၂၆/၂၂၈