departments

နိုင်ငံခြားငွေကြီးကြပ်ရေးနှင့်ငွေလွှဲဌာနခွဲ

နိုင်ငံခြားငွေကြီးကြပ်ဌာန

ငွေသားပေးသွင်းခြင်းနှင့် ငွေထုတ်ပေးခြင်းဝန်ဆောင်မှု

နိုင်ငံခြားငွေကြီးကြပ်ဌာနသည် နိုင်ငံခြားငွေအပ်နှံခြင်းများကို လက်ခံဆောင်ရွက်ပေးရာတွင် အစိုးရအဖွဲ့အစည်းများ ၊ အသင်းအဖွဲ့များ ၊ သံရုံးများ ၊ လေကြောင်းလိုင်းများ၊ ကျောက်မျက်ရတနာဆိုင်များ၊ ဘုရားဂေါပကအဖွဲ့များစသဖြင့် နိုင်ငံခြားငွေများကို ၎င်းတို့၏စာရင်းများသို့ထည့်သွင်း၊ နိုင်ငံခြားဘဏ်များမှ ချက်လက်မှတ် များအား လက်ခံဆောင်ရွက်ပေးခြင်းနှင့် နိုင်ငံခြားငွေ ( FE Permit ) ခွင့်ပြုမိန့်အရ နိုင်ငံခြားငွေထုတ်ပေးခြင်းများကိုလည်း လက်ခံ ဆောင်ရွက်ပေးရပါသည်။

နိုင်ငံခြားငွေကြီးကြပ်ဌာနသည်အစိုးရဌာနများ၏နိုင်ငံဝန်ထမ်းများပြည်ပသို့သွားရောက်ခြင်းအတွက်၊ဆောင်ငွေ၊ဝတ်စုံစရိတ်များအားနိုင်ငံခြားငွေ(ငွေသား)ထုတ်ပေးခြင်းနှင့်လေယာဉ်ခ များအတွက်စာရင်းပြောင်းပေးချေခြင်းများလုပ်ငန်းများအားဆောင်ရွက််််််််််််််််ပေးပါသည်။

ငွေသားပေးသွင်းခြင်း

(က) အစိုးရအဖွဲ့အစည်းများအတွက် ငွေပေးသွင်းရာတွင် လိုအပ်သော စာရွက်စာတမ်းများ

   ၁။ ဝန်ကြီးဌာနမှငွေပေးသွင်းရန်လျှောက်လွှာ

   ၂။ ငွေပေးသွင်းမည့်ကုမ္ပဏီ၏လျှောက်လွှာ

   ၃။ ကုမ္ပဏီမှတ်ပုံတင်မိတ္တူ

(ခ) အဖွဲ့အစည်းများအတွက် ငွေပေးသွင်းရာတွင် လိုအပ်သော စာရွက်စာတမ်းများ

   ၁။ ငွေပေးသွင်းမည့်အဖွဲ့အစည်းလျှောက်လွှာ

(ဂ) သံရုံးများအတွက် ငွေပေးသွင်းရာတွင် လိုအပ်သောစာရွက်စာတမ်းများ

   ၁။ ငွေပေးသွင်းမည့်သံရုံး၏လျှောက်လွှာ

(ဃ) လေကြောင်းလိုင်းများ ငွေပေးသွင်းရာတွင် လိုအပ်သော စာရွက်စာတမ်းများ

   ၁။ လေကြောင်းလိုင်း၏ငွေပေးသွင်းရန်လျှောက်လွှာ

   ၂။ ခရီးသွားလာရေးကုမ္ပဏီ၏ဝင်ငွေပေးသွင်းရန်လျှောက်လွှာ

   ၃။ ခရီးလှည့်လည်ရေးကုမ္ပဏီမှတ်ပုံတင်မိတ္တူ

   ၄။ ခရီးလှည့်လည်ရေးလုပ်ငန်းလိုင်စင်

(င) ကျောက်မျက်ရတနာဆိုင်များ၏ ငွေပေးသွင်းရာတွင် လိုအပ်သော စာရွက်စာတမ်းများ

   ၁။ မြန်မာ့‌ကျောက်မျက်ရတနာလုပ်ငန်းမှငွေသွင်းချလန်ပုံစံ မူရင်း/ မိတ္တူ

   ၂။ မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်းလိုင်စင်

   ၃။ မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်း ( Cash Memo )

   ၄။ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်( စာအုပ်မိတ္တူ )

(စ) ဘုရားဂေါပကအဖွဲ့များ ငွေပေးသွင်းရာတွင် လိုအပ်သော စာရွက်စာတမ်းများ

   ၁။ ဘုရားဂေါပကအဖွဲ့များငွေပေးသွင်းရန်လျှောက်လွှာ

(ဆ) ချက်လက်မှတ်ကောက်ခံရာတွင် လိုအပ်သော စာရွက်စာတမ်းများ

   ၁။ ချက်လက်မှတ်ပိုင်ရှင်၏ကိုယ်တိုင်ရေးလျှောက်လွှာ

   ၂။  နိုင်ငံသားစိစစ်ရေးကဒ်ပြားမိတ္တူ

   ၃။ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်( စာအုပ်မိတ္တူ )

   ၄။ ချက်လက်မှတ် မူရင်း / မိတ္တူ

(ဇ) FE (Permit) ဖြင့် နိုင်ငံခြားငွေထုတ်ပေးရာတွင် လိုအပ်သော စာရွက်စာတမ်းများ

   ၁။ ဝန်ကြီးဌာနမှ FE (Permit) ဖြင့် နိုင်ငံခြားငွေထုတ်ယူခွင့်အကြောင်းကြားစာ

   ၂။ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနမှ နိုင်ငံခြားငွေထုတ်ယူခွင့်ပြုသည့်စာ

   ၃။ မြန်မာ့စီးပွားရေးဘဏ်၏ ချက်လက်မှတ် မူရင်း / မိတ္တူ

ငွေသားထုတ်ပေးခြင်း

(၁) ဆောင်ငွေ (Imprest)နိုင်ငံဝန်ထမ်းများ ပြည်ပသို့သွားရောက်ခြင်းအတွက်နိုင်ငံခြားငွေ (ငွေသား) ထုတ်ပေးရာတွင် လိုအပ်သောစာရွက်စာတမ်းများ

           (က) ရသုံးမှန်းခြေငွေစာရင်းဉီးစီးဌာနမှ ခွင့်ပြုမိန့်

           (ခ) ခရီးသွားလာခွင့်ပြုမိန့်

           (ဂ) နိုင်ငံကူးလက်မှတ်(မူရင်း/မိတ္တူ)

           (ဃ) ချက်လက်မှတ် (သို့) ငွေသား          

(၂) ၀တ်စုံစရိတ် (Outfit) - နိုင်ငံခြားရေးဝန်ကြီးဌာနမှဝန်ထမ်းများနှင့်စစ်သံများ၊ ၎င်းတို့၏ မိသားစုဝင်များ ပြောင်းရွှေ့ခြင်းအတွက် ဝတ်စုံစရိတ်ထုတ်ပေး ရာတွင် လိုအပ်သော စာရွက်စာတမ်းများ

          (က) နိုင်ငံခြားရေးဝန်ကြီးဌာနမှလျှောက်လွှာ

          (ခ) နိုင်ငံခြားရေးဝန်ကြီးဌာနမှထောက်ခံချက်

          (ဂ) နိုင်ငံကူးလက်မှတ်(မူရင်း/မိတ္တူ)

          (ဃ) ချက်လက်မှတ်

(၃) လေယာဉ်ခများပေးချေခြင်း _ နိုင်ငံဝန်ထမ်းများနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဝန်ထမ်းများအတွက် လေယာဉ်စရိတ်များအား  သက်ဆိုင်ရာလေကြောင်းလိုင်း စာရင်းသို့ လွှဲပြောင်းပေးရာတွင် လိုအပ် သော စာရွက်စာတမ်းများ

   (က) ရသုံးမှန်းခြေငွေစာရင်းဉီးစီးဌာနမှခွင့်ပြုမိန့်နှင့် သက်ဆိုင်ရာဝန်ကြီးဌာနမှ ခရီးသွားလာခွင့်ပြုမိန့် (သို့) နိုင်ငံခြားရေးဝန်ကြီးဌာနမှ လျှောက်လွှာနှင့် ခရီးသွားလာ ခွင့်ပြုမိန့်

     (ခ) နိုင်ငံကူးလက်မှတ်(မူရင်း/မိတ္တူ)

     (ဂ) ချက်လက်မှတ် (သို့) ငွေသား

အမွေဆက်ခံခွင့်

မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်တွင် စာရင်းဖွင့်လှစ်ထားသော စာရင်းပိုင်ရှင်များကွယ်လွန်သည့်အခါ အမွေဆက်ခံပိုင်ခွင့်ရှိသူမှ လာရောက်လျှောက်ထားခြင်းအတွက် ဆောင်ရွက်ပေးရာတွင် လိုအပ်သော စာရွက်စာတမ်းများ

       (က) လျှောက်လွှာ

       (ခ) အမွေဆက်ခံခွင့် သက်သေခံလက်မှတ် (ပုဒ်မ ၃၇၇) အမေရိကန် ဒေါ်လာ ၁၀၀၀/- အထက်

       (ဂ) ကျမ်းကျိန်လွှာ (မူရင်း)                                           အမေရိကန် ဒေါ်လာ ၁၀၀၀/- အောက်

       (ဃ) ဥပဒေအရ ဝန်ခံကတိပြုလွှာ                                 အမေရိကန် ဒေါ်လာ ၁၀၀၀/- အောက်

       (င) သေဆုံးမှုလက်မှတ်                                                (မူရင်း/ မိတ္တူ)

       (စ) အိမ်ထောင်စု လူဦးရေစာရင်း                                  (မူရင်း/ မိတ္တူ)

       (ဆ) ရပ်ကွက်ထောက်ခံစာ                                           (မူရင်း)

       (ဇ) မှတ်ပုံတင်                                                              (မူရင်း/ မိတ္တူ)

       (ဈ) ဘဏ်စာအုပ်                                                          (မူရင်း/ မိတ္တူ)

 

ငွေလွှဲလုပ်ငန်းဌာန

ပြည်ပသို့ ငွေလွှဲပေးပို့ခြင်း

အစိုးရဌာနများ၊ ပုဂ္ဂလိကကုမ္ပဏီများမှ ပြည်ပသို့ ကုန်ပစ္စည်းဖိုးပေးချေခြင်း၊ ဝန်ဆောင်မှု အတွက်ငွေပေးချေခြင်း၊ အတိုးငွေနှင့်ချေးငွေများ ပြန်လည်ပေးဆပ်ခြင်း၊ အသင်းဝင်ကြေး၊ နှစ်စဉ်ကြေးများ ပေးပို့ခြင်း၊ လေကြောင်းလိုင်းများမှ လေယာဉ်ပြင်ဆင်ခြင်း၊ လေယာဉ်အပိုပစ္စည်းများဝယ်ယူခြင်းနှင့် အာမခံကြေးများပေးပို့ခြင်းစသည့် ငွေလွှဲဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျက်ရှိပါသည်။

ငွေလွှဲ(အထွက်)ဌာန အနေဖြင့်အဆက်အသွယ်ရှိသော ပြည်ပဘဏ်များသို့ အစိုးရဌာနများနှင် ပုဂ္ဂလိကများအတွက် ငွေလွှဲပေးပို့ခြင်း ၀န်ဆောင်မှုပေး လျက်ရှိပါသည်။

ငွေလွှဲ(အထွက်)လုပ်ငန်းများအတွက် လိုအပ်သောစာရွက်စာတမ်းများ

(က) အစိုးရဌာနများအတွက်

(၁) Cable / Form A 

(၂) သက်ဆိုင်ရာဌာန၏ ငွေလွှဲပို့ရန်လျှောက်လွှာ

(၃) ရ/သုံးဉီးစီးဌာန၏ နိုင်ငံခြားငွေသုံးစွဲခွင့်ပြုမိန့်

(၄) Invoice မိတ္တူ၊ ပုံစံ “ သက ’’

(ခ) ပုဂ္ဂလိကလေကြောင်းလိုင်းများအတွက်

(၁) Cable / Form A  

(၂) သက်ဆိုင်ရာလေကြောင်းလိုင်း၏ ငွေလွှဲပို့ရန်လျှောက်လွှာ

(၃) Audit Report ၊ အခွန်ဆောင်ပြီး အထောက်အထား

(၄) နိုင်ငံခြားငွေစာရင်း စာအုပ် မူရင်းနှင့်မိတ္တူ

(ဂ) အသင်းဝင်ကြေး၊ နှစ်စဉ်ကြေး၊ စာမေးပွဲကြေများအတွက်

(၁) Cable / Form A

(၂) သက်ဆိုင်ရာအဖွဲ့အစည်း၊ လူပုဂ္ဂိုလ်၏ ငွေလွှဲပို့ရန်လျှောက်လွှာ

(၃) ဝန်ထမ်းဖြစ်လျှင် သက်ဆိုင်ရာဌာန၏ ထောက်ခံစာ

(၄) ပြင်ပမှလူပုဂ္ဂိုလ်ဖြစ်ပါက မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဌာန၏ ခွင့်ပြုချက်

(ဃ) ပုဂ္ဂလိက ကုမ္ပဏီများအတွက်

(၁) Cable / Form A

(၂) သက်ဆိုင်ရာကုမ္ပဏီ၏ ငွေလွှဲပို့ရန်လျှောက်လွှာ

(၃) သွင်းကုန်လိုင်စင် ၊ Invoice မူရင်း၊ Packing List ၊ I.D ရှင်းတမ်း

(၄) သင်္ဘောတင်စာရွက်စာတမ်းမိတ္တူ

(၅) နိုင်ငံခြားငွေစာရင်းစာအုပ် မူရင်းနှင့်မိတ္တူ

ငွေလွှဲလုပ်ငန်းအနေဖြင့် ငွေလွှဲအထွက်ဘဏ်ဝန်ဆောင်စရိတ်ကို Transaction  တစ်ကြောင်းချင်းစီအလိုက် ပြည်ပသို့ငွေလွှဲပေးပို့ခြင်းအတွက် ဘဏ်စရိတ်နှုန်းထား

- လွှဲပို့ငွေ၏ 1/8 % (သို့) ညီမျှသောကျပ်

- Min: USD 50/-   (သို့) ညီမျှသောကျပ်

 

ငွေလွှဲလုပ်ငန်းဌာန

ငွေလွှဲ (အဝင်) ဝန်ဆောင်မှုလုပ်ငန်း

ငွေလွှဲ(အဝင်)ဌာနအနေဖြင့် ပြည်ပဘဏ်များမှလက်ခံရရှိသော နိုင်ငံခြား ငွေလွှဲ(အဝင်) MT-103 များအရ သက်ဆိုင်ရာ Customer A/C သို့ A/CCredit ထည့်သွင်းပေးခြင်း၊Payment Order(P.O) ထုတ်ပေးခြင်းများအား  ဝန်ဆောင်မှုပေးလျက်ရှိပါသည်။

ပြည်ပမှလွှဲပို့ငွေများ လက်ခံဆောင်ရွက်ရာတွင် အစိုးရဌာနဆိုင်ရာ အဖွဲ့အစည်းများအတွက် လွှဲပို့ငွေများ၊ မြန်မာနိုင်ငံရှိ နိုင်ငံခြားသံရုံးများအတွက် လွှဲပို့ငွေများ၊ နိုင်ငံတကာအဖွဲ့ အစည်းများ၊ INGO နှင့် NGO တို့အတွက် လွှဲပို့ငွေများ၊ ပုဂ္ဂလိကကုမ္ပဏီများနှင့် လူပုဂ္ဂိုလ် တစ်ဉီးချင်း လွှဲပို့ငွေများကို လက်ခံဆောင်ရွက်ပေးပါသည်။

ငွေလွှဲ(အဝင်) လုပ်ငန်းများအတွက် လိုအပ်သောစာရွက်စာတမ်းများ

(က) ကုန်သွယ်မှုလုပ်ငန်းများအတွက်

(၁) ITTP Form

(၂) ကုမ္ပဏီ Letter Head ဖြင့် လျှောက်လွှာ

(၃) ပို့ကုန်လိုင်စင်မိတ္တူ (လိုအပ်ပါက)

(၄) ပို့ကုန်ကြေညာလွှာ (ED)

(၅) ကုမ္ပဏီမှတ်ပုံတင်မိတ္တူ

(၆) Myco company profile မိတ္တူ

(ခ) ကုန်သွယ်မှုမဟုတ်သောလုပ်ငန်းများအတွက်

(၁) ITTP Form

(၂) ကုမ္ပဏီ Letter Head ဖြင့် လျှောက်လွှာ

(၃) ငွေတောင်းခံလွှာ ( Invoice )

(၄) ကုမ္ပဏီမှတ်ပုံတင်မိတ္တူ

(၅) Myco company profile မိတ္တူ

(ဂ) ရင်းနှီးမြုပ်နှံမှုလွှဲပို့ငွေများအတွက်

(၁) ITTP Form

(၂) ကုမ္ပဏီ Letter Head ဖြင့် လျှောက်လွှာ

(၃) MIC Permit/ DICA Permit

(၄) ကုမ္ပဏီမှတ်ပုံတင်မိတ္တူ၊ Myco company profile မိတ္တူ

ဝန်ဆောင်မှုနှုန်းထားများ

ငွေလွှဲလုပ်ငန်းအနေဖြင့် ငွေလွှဲအဝင်ဘဏ်ဝန်ဆောင်စရိတ်ကို Transaction တစ်ကြောင်း ချင်းစီအလိုက် USD 15 သာ ကောက်ခံရာတွင် လွှဲပို့ငွေမှသော်လည်းကောင်း၊ စာရင်းဖွင့်လှစ် ထားသည့် A/C မှသော်လည်းကောင်း၊ USD 15 နှင့်ညီမျှသော မြန်မာကျပ်ငွေဖြင့်လည်းကောင်း Customer ၏ သဘောတူညီမှုအတိုင်း ဝန်ဆောင်မှု ပေးလျက်ရှိပါသည်။

ဤဌာနမှ ဝန်ဆောင်မှုပေးနေသည့် လုပ်ငန်းများနှင့် အချက်အလက်များအား သိရှိလိုပါက အောက်ဖော်ပြပါ ဖုန်းနံပါတ်သို့ ခေါ်ဆို၍ မေးမြန်းနိုင်ပါသည်။

မန်နေဂျာ

ဖုန်း- ၉၅-၁-၈၃၈၁၃၇၉၊ ၉၅-၁-၈၃၈၁၇၉၀၊ ၉၅-၁-၈၃၈၅၀၃၄