departments

ဘဏ်အာမခံလုပ်ငန်းများ

ချေးငွေစိစစ်အကဲဖြတ်ခြင်းနှင့် စီမံခန့်ခွဲခြင်းဌာနစု၏ လုပ်ငန်းဆောင်ရွက်ချက်အကျဉ်းချုပ်

တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရန် အခြေခံအအောက်အအုံများ ၊ လယ်ယာစိုက်ပျိုးရေး ၊ စက်မှု နှင့် ဆက်သွယ်ရေးကဏ္ဍများတွင် ကုန်စည်နှင့်ဆောင်ရွက်မှုများ ဝယ်ယူရေးဆိုင်ရာ နိုင်ငံတော် စီမံကိန်းများအတွက် ပြည်ပဘဏ်များနှင့်  နိုင်ငံတကာအဖွဲ့အစည်းများထံမှ နိုင်ငံခြားငွေဖြင့် ချေးငွေများရယူအသုံးပြုနိုင်ရေး မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်သည် အစိုးရဌာနများ ကိုယ်စား ငွေချေးယူသူအဖြစ်လည်းကောင်း ၊ ငွေချေးယူသည့် ဌာနအဖွဲ့အစည်းများ၏ ငွေပေးချေမှုအတွက် Paying Bank ၊ Agent Bank အဖြစ်လည်းကောင်း ဆောင်ရွက်လျက် ပြည်ပချေးငွေစိစစ်အကဲဖြတ်ခြင်းနှင့် ချေးငွေစီမံခန့်ခွဲမှုများကို လုပ်ဆောင်ပါသည်။

ဘဏ်အာမခံဌာနမှ ဝန်ဆောင်မှုပေးနေသောလုပ်ငန်းများ

၁။ ပြည်ပမှ လက်ခံရရှိသော ဘဏ်အာမခံများကို ထုတ်ပေးခြင်း

၂။ အကြောင်းကြားပေးခြင်း

၃။ အတည်ပြုပေးခြင်း

၄။ ပြည်တွင်းတွင် နိုင်ငံခြားငွေ ၊ ကျပ်ငွေဖြင့် ဘဏ်အာမခံများထုတ်ပေးခြင်း

ဘဏ်အာမခံထုတ်ပေးရာတွင်လိုအပ်ချက်များ

အစိုးရဌာနများအတွက်

၁။ ဘဏ်အာမခံထုတ်ပေးရန်လျှောက်လွှာ

၂။ ဘဏ်အာမခံပုံစံ

၃။ စာချုပ်မိတ္တူ

၄။ စီမံကိန်း၊ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန၏ခွင့်ပြုချက်

ပုဂ္ဂလိကလုပ်ငန်းများအတွက်

၁။ ဌာနဆိုင်ရာနှင့် ကုမ္ပဏီ၏လျှောက်လွှာ

၂။ ဘဏ်အာမခံတန်ဖိုးနှင့် ကော်မရှင်ပေးသွင်းကြောင်းအထောက်အထား

    - ငွေသားဖြင့်ပေးသွင်းပါက Credit Advice

    -  T.T ဖြင့်ပေးသွင်းပါကငွေဝင်ပြီးကြောင်းCredit Advice

     - Account Transferဖြင့်ပေးသွင်းပါကငွေစာရင်းစာအုပ်မူရင်းနှင့်မိတ္တူ

၃။   Firm Order / Contract မိတ္တူ

ဘဏ်အာမခံပယ်ဖျက်ခြင်းအတွက်လိုအပ်ချက်များ

အစိုးရဌာနများအတွက်

၁။ လျှောက်လွှာ

၂။ ဘဏ်အာမခံမူရင်း

ပုဂ္ဂလိကလုပ်ငန်းများအတွက်

၁။ ဌာနဆိုင်ရာနှင့် ကုမ္ပဏီ၏လျှောက်လွှာ

၂။ ဘဏ်အာမခံမူရင်း

၃။ ဘဏ်အာမခံစပေါ်တင်သွင်းငွေ ( Deposit )ကို ကုမ္ပဏီ၏နိုင်ငံခြားငွေစာရင်းသို့ ပြန်လည် ထည့်သွင်းလိုပါက Debit Advice မူရင်း

ဘဏ်အာမခံကော်မရှင်ကောက်ခံခြင်း

၁။    ဘဏ်အာမခံထုတ်ပေးခြင်း (Guarantee Issuing) ဘဏ်အာမခံတန်ဖိုး၏ ¼ % per 3months or part there of Min USD 50/- (သို့) ညီမျှသောကျပ်

၂။    ဘဏ်အာမခံအကြောင်းကြားပေးခြင်း( Guarantee Advising) USD 50/- (သို့) ညီမျှသောကျပ်

၃။    ဘဏ်အာမခံပြင်ဆင်ချက်အကြောင်းကြားပေးခြင်း

(Amendment Advising Commission) USD 30/- (သို့) ညီမျှသောကျပ်

၄။        ဘဏ်အာမခံပြင်ဆင်ချက် (Amendment Commission)(Domestic/Overseas Issuing)

(က)  သက်တမ်း + ငွေပမာဏတိုးပါက   ¼ % per (3) months(Min USD 50/-) (သို့) ညီမျှသောကျပ်

(ခ)    အခြားပြင်ဆင်ချက် USD 50/- (သို့) ညီမျှသောကျပ် (ပုံသေနှုန်း)