နိုင်ငံဝန်ထမ်းများ ပြည်ပသို့ သွားရောက်ခြင်းအတွက် ငွေထုတ်ယူရာတွင် မည့်သည်ရက်မှ စတင်၍ ငွေထုတ်ယူနိုင်ကြောင်း မေးမြန်းခြင်း။
ပြည်ပသွားရောက်မည့် နိုင်ငံဝန်ထမ်းများအား ရသုံးမှန်းခြေ ငွေစာရင်း ဦးစီးဌာနနှင့် ဌာနဆိုင်ရာ ကြိုတင်ခွင့်ပြုချက်ဖြင့် ပြည်ပသို့ မထွက်ခွာမီ ( ၃ )ရက်အတွင်း ငွေထုတ်ယူခြင်း၊ လေယာဉ် လက်မှတ်ခများ စာရင်းလွှဲပြောင်းပေးခြင်းတို့ကို ပြုလုပ်နိုင်ပါသည်။
နိုင်ငံခြားငွေကြီးကြပ်ဌာနတွင် ပေးသွင်းနိုင်သော ငွေပမာဏအား စုံစမ်းခြင်း။
နိုင်ငံခြားငွေကြီးကြပ်ဌာနသည် ငွေပေးသွင်းမှု လက်ခံရာတွင် ငွေကြေးခဝါချမှု ဉပဒေနှင့်အညီ လိုအပ်သောစာရွက်စာတမ်းအား တောင်းခံရပါသည်။
ငွေသားပေးသွင်းနိုင်သည့် ငွေပမာဏမှာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ၁၅/၂၀၁၂ ညွှန်ကြားချက်အတိုင်း ဖြစ်၍ -( ဉပမာ- Money Changer မှ ဝယ်ယူလာသည့် အထောက်အထားပါ ကောင်တာ ပြေစာ ) ဖြင့် လက်ခံဆောင်ရွက်ပေးပါသည်။
နိုင်ငံခြားငွေ ဝယ်ယူခြင်းနှင့် နိုင်ငံခြားငွေ ရောင်းချရာတွင် မည်သည့် စာရွက်စာတမ်းများ လိုအပ်သနည်း။ ကောက်ခံမည့် နှုန်းထားများအား သိလိုပါသည်။
လိုအပ်သော အချက်များမှာ -
(MFTB မှ နိုင်ငံခြားငွေ ဝယ်ယူပြီး CBM-Net ဖြင့် လွှဲပြောင်းလိုပါက မြန်မာကျပ် ဖြင့် လွှဲပြောင်းလိုသော ဘဏ်၏အမည်၊ လက်ခံမည့်သူ အမည်နှင့် စာရင်းအမှတ်၊ ဘဏ်စရိတ်မှာ USD 3/- ကောက်ခံပါမည်။)
(နိုင်ငံခြားငွေ ဝယ်ယူခြင်းနှင့် နိုင်ငံခြားငွေ ရောင်းချရာတွင် MFTB မှ သတ်မှတ်သော ရည်ညွှန်းငွေ လဲလှယ်နှုန်းဖြင့် ဆောင်ရွက် ပါသည်။)
စာရင်းရှင် အမျိုးအစား အားလုံး၏ Bank Statement ထုတ်ယူရာတွင် မည်သည့် စာရွက်စာတမ်းများ လိုအပ်သနည်း။
လိုအပ်သော အချက်များမှာ -
Payment Order ပြုလုပ်ရာတွင် မည်သည့် စာရွက်စာတမ်းများ လိုအပ်သနည်း။ ကောက်ခံမည့် နှုန်းထားများအား သိလိုပါသည်။
လိုအပ်သော အချက်များမှာ -
ကုမ္ပဏီစာရင်း ပိတ်သိမ်းရာတွင် မည်သည့် စာရွက်စာတမ်းများ လိုအပ်သနည်း။ ကောက်ခံမည့် နှုန်းထားများအား သိလိုပါသည်။
လိုအပ်သော အချက်များမှာ-
နိုင်ငံခြားငွေ ထုတ်ယူရာတွင် လိုအပ်သော အချက်များနှင့် မည်မျှ ထုတ်ယူနိုင်သနည်း။
လိုအပ်သော အချက်များမှာ -
Embassy NGO, UN, Organization များ USD 5,000/- နှင့်အထက် ထုတ်ယူပါက ခွင့်ပြုမိန့် တောင်းခံရပါသည်။
စာရင်းပြောင်းခြင်းအတွက် မည်သည့် စာရွက်စာတမ်းများ လိုအပ်သနည်း။ ကောက်ခံမည့် နှုန်းထားများအား သိလိုပါသည်။
မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်မှ အခြားဘဏ်များသို့ စာရင်းပြောင်းလျှင်
- သက်ဆိုင်ရာ Letterhead နှင့် လျှောက်လွှာ
- စာရင်းပိုင်ရှင်/ စာရင်းပိုင်ရှင်၏ တရားဝင် ကိုယ်စားလှယ်လွှဲစာ
- ဘဏ်စာအုပ် မူရင်း လိုအပ်ပါသည်
ကောက်ခံသော စရိတ်များမှာ -
· MFTB အချင်းချင်း စာရင်းပြောင်းလျှင် ဘဏ်စရိတ် USD 2/-
· MFTB မှ အခြားဘဏ်များသို့စာရင်းပြောင်းလျှင်-
-USD 40,000/- အထိ ဘဏ်စရိတ် USD 50/-
-USD 40,000/- နှင့်အထက် 0.125%
-SWIFT အဝင် အတွက် USD 15/- (သို့) USD 15/- နှင့် ညီမျှသော မြန်မာကျပ်