ပြည်ပသွားရောက်မည့် နိုင်ငံဝန်ထမ်းများအား ရသုံးမှန်းခြေ ငွေစာရင်း ဦးစီးဌာနနှင့် ဌာနဆိုင်ရာ ကြိုတင်ခွင့်ပြုချက်ဖြင့် ပြည်ပသို့ မထွက်ခွာမီ ( ၃ )ရက်အတွင်း ငွေထုတ်ယူခြင်း၊ လေယာဉ် လက်မှတ်ခများ စာရင်းလွှဲပြောင်းပေးခြင်းတို့ကို ပြုလုပ်နိုင်ပါသည်။
FAQS
နိုင်ငံခြားငွေကြီးကြပ်ဌာနသည် ငွေပေးသွင်းမှု လက်ခံရာတွင် ငွေကြေးခဝါချမှု ဉပဒေနှင့်အညီ လိုအပ်သောစာရွက်စာတမ်းအား တောင်းခံရပါသည်။
ငွေသားပေးသွင်းနိုင်သည့် ငွေပမာဏမှာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ၁၅/၂၀၁၂ ညွှန်ကြားချက်အတိုင်း ဖြစ်၍ -( ဉပမာ- Money Changer မှ ဝယ်ယူလာသည့် အထောက်အထားပါ ကောင်တာ ပြေစာ ) ဖြင့် လက်ခံဆောင်ရွက်ပေးပါသည်။
လိုအပ်သော အချက်များမှာ -
- သက်ဆိုင်ရာ Letterhead ဖြင့် Bank Statement ထုတ်ယူခွင့် လျှောက်လွှာ
- Bank Statement ရှိ Transaction အဝင်အထွက်များကို လက်ရှိ ကာလ (၁) လအတွက် ထုတ်ယူလိုပါက ဘဏ်စရိတ် ပေးရန် မလိုပါ
- တစ်လ ထက် ကျော်လွန်သော Transaction အဝင် အထွက်ပေါ်တွင် တစ်လလျှင် ကျပ် ၁,၀၀၀/- နှုန်းဖြင့် ဘဏ်စရိတ် ကောက်ခံ၍ Cash ဌာနတွင် ငွေသွင်းရပါမည်။
- စာရင်းပိုင်ရှင်၏"ဘဏ် "စာရင်းမှုရင်း/မိတ္တူ
- ကိုယ်စားလှယ်ဖြင့်ဆောင်ရွက်ပါက ကိုယ်စားလှယ်လွှဲစာနှင့် ကိုယ်စားလှယ်၏ မှတ်ပုံတင်မိတ္တူအား ပူးတွဲတင်ပြရပါမည်။
လိုအပ်သော အချက်များမှာ -
- သက်ဆိုင်ရာ Letterhead နှင့် လျှောက်လွှာ
- Payment Order ရရှိမည့် ဌာနဆိုင်ရာ အဖွဲ့အစည်း၏ စာ
- ဘဏ်စာအုပ် မိတ္တူ
- ဘဏ်စရိတ် မှာ USD 1/- (သို့) MMK 1,500/-
လိုအပ်သော အချက်များမှာ-
- သက်ဆိုင်ရာ Letterhead နှင့် စာရင်းပိတ်သိမ်းခွင့်လျှောက်လွှာ
- Company Letterhead ဖြင့် အစည်းအဝေးမှတ်တမ်း
- အခွန် ဆောင်ထားပြီး ချလန် (သို့)အခွန် စိစစ်ပြီးကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ စာရွက်စာတမ်း
- ကုမ္ပဏီ စာရင်း ပိတ်သိမ်းခမှာUSD 10/- ဖြစ်၍ Personal A/C ဖြစ်ပါက စာရင်း ပိတ်သိမ်းခ မှာ USD 5/- ဖြစ်ပါသည်။
လိုအပ်သော အချက်များမှာ -
- ဘဏ်စာအုပ်မူရင်း
- ငွေထုတ်ပုံစံ
- တစ်ကြိမ်ထုတ်ယူလျှင် USD 5,000/- နှင့် Bank Charges USD 1/-
- တစ်ပတ်တွင် (၂) ကြိမ် ထုတ်ယူနိုင်ပါသည်။
- စာရင်းပိုင်ရှင် Seal တံဆိပ်နှင့် လက်မှတ် ပါရမည်။
Embassy NGO, UN, Organization များ USD 5,000/- နှင့်အထက် ထုတ်ယူပါက ခွင့်ပြုမိန့် တောင်းခံရပါသည်။
မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်မှ အခြားဘဏ်များသို့ စာရင်းပြောင်းလျှင်
- သက်ဆိုင်ရာ Letterhead နှင့် လျှောက်လွှာ
- စာရင်းပိုင်ရှင်/ စာရင်းပိုင်ရှင်၏ တရားဝင် ကိုယ်စားလှယ်လွှဲစာ
- ဘဏ်စာအုပ် မူရင်း လိုအပ်ပါသည်
ကောက်ခံသော စရိတ်များမှာ -
· MFTB အချင်းချင်း စာရင်းပြောင်းလျှင် ဘဏ်စရိတ် USD 2/-
· MFTB မှ အခြားဘဏ်များသို့စာရင်းပြောင်းလျှင်-
-USD 40,000/- အထိ ဘဏ်စရိတ် USD 50/-
-USD 40,000/- နှင့်အထက် 0.125%
-SWIFT အဝင် အတွက် USD 15/- (သို့) USD 15/- နှင့် ညီမျှသော မြန်မာကျပ်
