ဘဏ်အာမခံတန်ဖိုးနှင့် ဘဏ်စရိတ်များကို နိုင်ငံခြားငွေဖြင့်သော်လည်းကောင်း၊ မြန်မာကျပ်ငွေဖြင့်သော်လည်းကောင်း တင်သွင်း၍ ဘဏ်အာမခံရယူနိုင်ပါသည်။
FAQS
စာရွက်စာတမ်းပြည့်ပြည့်စုံစုံနှင့် လာရောက်လျှောက်ထားပါက နေ့ချင်းပြီး ဆောင်ရွက်ပေးနေပါသည်။
ဘဏ်အာမခံဆိုင်ရာဘဏ်စရိတ်များကောက်ခံပုံမှာ-
(၁) ပြည်တွင်း/ပြည်ပ(Issuing)ဘဏ်အာမခံများအတွက် သက်တမ်းအလိုက် (၃)လလျှင် တစ်ကြိမ်တွက်ချက်၍ဘဏ်အာမခံသက်တမ်းတစ်ခုလုံးအတွက်ပေးသွင်းရပါမည်။ (၃)လအတွက် ဘဏ်အာမခံတန်ဖိုး၏ ¼% (Minimum USD50/-)သို့မဟုတ် ညီမျှသောကျပ်ကောက်ခံပါသည်။
(၂) ပြည်တွင်း/ပြည်ပ(Issuing) ဘဏ်အာမခံများအတွက် ဘဏ်အာမခံပြင်ဆင်ချက်မှာ သက်တမ်းအလိုက်(၃)လလျှင် တစ်ကြိမ်တွက်ချက်၍ ဘဏ်အာမခံသက်တမ်းတစ်ခုလုံးအတွက် ပေးသွင်းရပါမည်။ (၃)လအတွက်ဘဏ်အာမခံတန်ဖိုး၏ ¼%(MinimumUSD50/-) သို့မဟုတ်ညီမျှသောကျပ် ကောက်ခံပါသည်။
(၃) ပြည်ပ (Advising) ဘဏ်အာမခံအတွက် ဘဏ်အာမခံတစ်စောင်လျှင် USD50/-သို့မဟုတ် ညီမျှသော ကျပ်ကောက်ခံပါသည်။
(၄) ပြည်ပ(Advising)ဘဏ်အာမခံအတွက်ဘဏ်အာမခံပြင်ဆင်ချက်မှာဘဏ်အာမခံတစ်စောင်လျှင် USD30/-သို့မဟုတ် ညီမျှသောကျပ်ကောက်ခံပါသည်။
(၅) ပြည်တွင်း/ပြည်ပ(Issuing/Advising) ဘဏ်အာမခံများအတွက် Claimလျော်ကြေးတောင်းခံစာတစ်စောင်လျှင် USD25/- သို့မဟုတ် ညီမျှသောကျပ် ကောက်ခံပါသည်။
ဘဏ်အာမခံပယ်ဖျက်ရန်အတွက် လိုအပ်သည့်စာရွက်စာတမ်းများမှာ-
(က) သက်ဆိုင်ရာဌာန၏ ဘဏ်အာမခံပယ်ဖျက်ရန် အကြောင်းကြားစာ
(ခ) ဘဏ်အာမခံမူရင်း
(ဂ) ဘဏ်အာမခံတန်ဖိုးအား စာရင်းမှပေးသွင်းထားပါက Debit Note မူရင်း
ဘဏ်အာမခံထုတ်ပေးရန်အတွက် လိုအပ်သည့်စာရွက်စာတမ်းများမှာ-
(က) ဘဏ်အာမခံလက်ခံမည့်ဌာန၏လျှောက်လွှာ
(ခ) လျှောက်ထားသည့်ကုမ္ပဏီ၏လျှောက်လွှာ
(ဂ) ဘဏ်အာမခံတန်ဖိုးနှင့်ဘဏ်စရိတ်များ ပေးသွင်းမည့်အထောက်အထားများ
(ဃ) ဘဏ်အာမခံပုံစံ(ရှိပါက)
ဘဏ်အာမခံများကိုနည်းလမ်း(၂)သွယ်ဖြင့် ဆောင်ရွက်နိုင်ပါသည်။
- ပထမနည်းလမ်းမှာ ပြည်တွင်း ၊ပြည်ပရှိ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်၏ အဆက်အသွယ်ဘဏ်များ မှတစ်ဆင့် ဘဏ်အာမခံတင်သွင်းခြင်း။
- ဒုတိယနည်းလမ်းမှာ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်တွင် ဘဏ်အာမခံတန်ဖိုး ပေးသွင်း၍ ဘဏ်အာမခံများတင်သွင်းခြင်း။
ဘဏ်အာမခံဌာနမှဆောင်ရွက်ပေးနေသည့် ဘဏ်အာမခံအမျိုးအစားများမှာ -
(က)တင်ဒါအာမခံ (Tender Guarantee)
(ခ) ကြိုတင်ပေးငွေအာမခံ (Advance Payment Guarantee)
(ဂ) ဆောင်ရွက်ပြီးမြောက်မှုအာမခံ (Performance Guarantee) တို့ဖြစ်ပါသည်။
၀န်ဆောင်မှုနှုန်းထားများ
(1) ငွေလွှဲလုပ်ငန်းအနေဖြင့် ငွေလွှဲအထွက် ဘဏ်ဝန်ဆောင်စရိတ် ကို လွှဲပို့ငွေ USD 40,000/
- အထက်ဖြစ်ပါက လွှဲပို့ငွေ၏ 1/8%(သို့) ညီမျှသောကျပ်
- လွှဲပို့ငွေUSD 40,000/- အထိ ဝန်ဆောင်မှုနှုန်းထားမှာ USD 50/- (သို့) ညီမျှသောကျပ်
(2) ငွေလွှဲပို့ခြင်းအားပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်း၊ ပြန်လည်ပေးပို့ခြင်း၊ စုံစမ်းမေးမြန်း ခြင်း တို့အတွက် USD 15 (သို့) ညီမျှသောကျပ
အစိုးရဌာနများမှ ပြည်ပသို့ငွေလွှဲပို့ခြင်းအတွက် လိုအပ်သောစာရွက်စာတမ်းများမှာ
(1) Fund Transfer Application
(2) ငွေလွှဲပို့ရန်လျှောက်ထားစာ
(3) ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၏ နိုင်ငံခြားငွေသုံးစွဲခွင့်ပြုမိန့် /Account မှ သုံးစွဲခွင့်စာ
(4) သွင်းကုန်ပစ္စည်းဘိုးငွေပေးချေလျှင် Invoice မိတ္တူ၊ ပုံစံ “သက”
(5) စ်စဉ်ကြေးပေးသွင်းလျှင် ပြည်ပအသင်းအဖွဲ့အစည်းထံမှ အကြောင်းကြားစာ ငွေတောင်းခံလွှာ ၊ ပုံစံ “က”
(6) သက်ဆိုင်ရာဌာန၏ ပစ္စည်းရရှိကြောင်း/ ဝန်ဆောင်မှုပြီးစီးကြောင်း နှင့် ငွေပေးမည့် Cheque
(7) ကြိုတင်ငွေလွှဲလိုပါက Advance Payment Bank Guarantee
ပုဂ္ဂလိကကုမ္ပဏီများမှ သွင်းကုန်ငွေလွှဲပို့ခြင်းအတွက် လိုအပ်သော စာရွက်စာတမ်းများမှာ-
(1) Fund Transfer Application
(2) Form Thaka
(3) ကုမ္ပဏီ၏ ငွေလွှဲပို့ရန်လျှောက်ထားစာ
(4) သွင်းကုန်လိုင်စင်မူရင်း Invoice မူရင်း ၊ Packing List ၊ Sale contract
(5) လိုင်စင်ကင်းလွတ်ခွင့်ရပစ္စည်းဖြစ်ပါက ပစ္စည်းအမည်ပါဝင်သည့် စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဌာန၏ ခွင့်ပြုစာမိတ္တူ၊ Import Declaration နှင့် ID ရှင်းတမ်း
(6) သင်္ဘောတင်စာရွက်စာတမ်းမူရင်း
(7) ကွဲလွဲချက်ရှိနေပါက Undertaking စာ
(8) နိုင်ငံခြားငွေစာရင်းစာအုပ် မူရင်းနှင့်မိတ္တူ
- စာရင်းပိုင်ရှင်ကိုယ်တိုင်လာရောက်ပိတ်သိမ်းရပါမည်။
- စာရင်းပိတ်သိမ်းခွင့်လျှောက်လွှာတစ်စောင်
- ဘဏ်စာအုပ်
- စာရင်းလွှဲပြောင်းခြင်းတို့အတွက် စာရင်းပိုင်ရှင်၏ ညွှန်ကြားချက်(သို့) ဖြည့်စွက်ထားသော Cheque(၁)စုံ
- ဘဏ်စရိတ်အဖြစ် USD 5/- ကောက်ခံပါသည်။
- Bank Statement ထုတ်ပေးရန် စာရင်းပိုင်ရှင်၏လျှောက်လွှာတင်ပြရပါမည်။
- (၁) လစာ Bank Statement အတွက် ဘဏ်စရိတ် မကောက်ခံပါ။
(၁) လ ထက်ပိုပါက ဘဏ်စရိတ်အဖြစ် (၁) လလျှင် ကျပ် (၁၀၀၀) ကောက်ခံပါသည်။
- SWIFT Message ဖြင့် ငွေ၀င်ကြောင်းရရှိပြီး Statement တွင် ငွေ၀င်ကြောင်း အတည်ပြုပြီးပါက ဘဏ်စရိတ်အဖြစ် USD 15/- (သို့) USD 15/- ဖြင့် ညီမျှသောကျပ်ငွေကောက်ခံ၍ စာရင်းပိုင်ရှင်၏ စာရင်းသို့ ငွေထည့်သွင်းပေးပါသည်။
- ဘဏ်စာအုပ်
- စာရင်းလွှဲပြောင်းခြင်းတို့အတွက် စာရင်းပိုင်ရှင်၏ ညွှန်ကြားချက်(သို့) ဖြည့်စွက်ထားသော Cheque (၁)စုံ
- ထည့်သွင်းပေးရမည့် ပုဂ္ဂလိကဘဏ်စာအုပ်မိတ္တူ
- မှတ်ပုံတင်မိတ္တူ
- SWIFT ဖြင့် ငွေလွှဲပေးပို့လိုကြောင်းလျှောက်လွှာ
- ဘဏ်စရိတ်အဖြစ် တစ်ကြိမ်လျှင်လွှဲပို့ငွေ၏ 0.125% (သို့) ညီမျှသောကျပ်(minimum USD50/- (သို့)ညီမျှသောကျပ်) ကောက်ခံပါသည်။
(ကိုယ်စားလှယ်ဖြင့်ဆောင်ရွက်ပါက ကိုယ်စားလှယ်လွှဲစာနှင့် ကိုယ်စားလှယ်၏ မှတ်ပုံတင်မိတ္တူပါပူးတွဲ တင်ပြရပါမည်။
- ဘဏ်စာအုပ်
- စာရင်းလွှဲပြောင်းခြင်းတို့အတွက် စာရင်းပိုင်ရှင်၏ညွှန်ကြားချက် (သို့) ဖြည့်စွက်ထားသော Cheque(၁)စုံ
- ပုဂ္ဂလိကဘဏ်စာအုပ်မိတ္တူ(သို့) ကျပ်စာရင်းဘဏ်စာအုပ်မိတ္တူ
- မှတ်ပုံတင်မိတ္တူ
- CBM Net ဖြင့် စာရင်းပြောင်းပြုလုပ်လိုကြောင်း(သို့) ကျပ်စာရင်းသို့ ထည့်သွင်းလိုကြောင်းလျှောက်လွှာ
ဘဏ်စရိတ်အဖြစ် CBM Net ဖြင့် စာရင်းပြောင်းပြုလုပ်လိုပါက တစ်ကြိမ်လျှင် USD 3/- နှင့် ကျပ်စာရင်းသို့ထည့်သွင်းလိုပါက တစ်ကြိမ်လျှင် USD 2/- ကောက်ခံပါသည်။
(ကိုယ်စားလှယ်ဖြင့်ဆောင်ရွက်ပါက ကိုယ်စားလှယ်လွှဲစာနှင့် ကိုယ်စားလှယ်၏ မှတ်ပုံတင်မိတ္တူပါပူးတွဲ တင်ပြရပါမည်။)
