စာရင်းပြောင်းခြင်းအတွက် မည်သည့် စာရွက်စာတမ်းများ လိုအပ်သနည်း။ ကောက်ခံမည့် နှုန်းထားများအား သိလိုပါသည်။
မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်မှ အခြားဘဏ်များသို့ စာရင်းပြောင်းလျှင်
- သက်ဆိုင်ရာ Letterhead နှင့် လျှောက်လွှာ
- စာရင်းပိုင်ရှင်/ စာရင်းပိုင်ရှင်၏ တရားဝင် ကိုယ်စားလှယ်လွှဲစာ
- ဘဏ်စာအုပ် မူရင်း လိုအပ်ပါသည်
ကောက်ခံသော စရိတ်များမှာ -
· MFTB အချင်းချင်း စာရင်းပြောင်းလျှင် ဘဏ်စရိတ် USD 2/-
· MFTB မှ အခြားဘဏ်များသို့စာရင်းပြောင်းလျှင်-
-USD 40,000/- အထိ ဘဏ်စရိတ် USD 50/-
-USD 40,000/- နှင့်အထက် 0.125%
-SWIFT အဝင် အတွက် USD 15/- (သို့) USD 15/- နှင့် ညီမျှသော မြန်မာကျပ်
