စာရင်းရှင် (နိုင်ငံသား) စာရင်းမှ နိုင်ငံခြားငွေ၀ယ်ယူပြီး CBM Net ဖြင့် စာရင်းပိုင်ရှင်၏ လျှောက်ထားချက်အရ ပုဂ္ဂလိကဘဏ်ရှိ ကျပ်ငွေစာရင်းထဲသို့ လွှဲပြောင်းခြင်း (သို့) ဤဘဏ်တွင်ဖွင့်လှစ် ထားသော ကျပ်စာရင်းသို့ ထည့်သွင်းပေးခြင်းတို့အတွက် တင်ပြရမည့် စာရွက်စာတမ်းမ
- ဘဏ်စာအုပ်
- စာရင်းလွှဲပြောင်းခြင်းတို့အတွက် စာရင်းပိုင်ရှင်၏ညွှန်ကြားချက် (သို့) ဖြည့်စွက်ထားသော Cheque(၁)စုံ
- ပုဂ္ဂလိကဘဏ်စာအုပ်မိတ္တူ(သို့) ကျပ်စာရင်းဘဏ်စာအုပ်မိတ္တူ
- မှတ်ပုံတင်မိတ္တူ
- CBM Net ဖြင့် စာရင်းပြောင်းပြုလုပ်လိုကြောင်း(သို့) ကျပ်စာရင်းသို့ ထည့်သွင်းလိုကြောင်းလျှောက်လွှာ
ဘဏ်စရိတ်အဖြစ် CBM Net ဖြင့် စာရင်းပြောင်းပြုလုပ်လိုပါက တစ်ကြိမ်လျှင် USD 3/- နှင့် ကျပ်စာရင်းသို့ထည့်သွင်းလိုပါက တစ်ကြိမ်လျှင် USD 2/- ကောက်ခံပါသည်။
(ကိုယ်စားလှယ်ဖြင့်ဆောင်ရွက်ပါက ကိုယ်စားလှယ်လွှဲစာနှင့် ကိုယ်စားလှယ်၏ မှတ်ပုံတင်မိတ္တူပါပူးတွဲ တင်ပြရပါမည်။)
