services

MPU & Card Services

ATM and Card Services ကို (၂၃-၁၀-၂၀၁၃) ရက်နေ့မှစ၍ ဝန်ဆောင်မှုပေးနေပါသည်။

- POS စနစ်ဖြင့် ငွေပေးချေနိုင်သောဆိုင်ကြီးများတွင် ATM Card ဖြင့် စျေးဝယ်နိုင်ပါသည်။
- တစ်ကြိမ်ထုတ်ယူပါက အများဆုံး (၃)သိန်းအထိ ထုတ်ယူနိုင်ပါသည်၊
- နေ့စဉ်ငွေကျပ်(၁၀)သိန်းအထိ ထုတ်ယူနိုင်ပါသည်။

ATM and Card Services ကို (၂၃-၁၀-၂၀၁၃) ရက်နေ့မှစ၍ ဝန်ဆောင်မှုပေးနေပါသည်။

- POS စနစ်ဖြင့် ငွေပေးချေနိုင်သောဆိုင်ကြီးများတွင် ATM Card ဖြင့် စျေးဝယ်နိုင်ပါသည်။
- တစ်ကြိမ်ထုတ်ယူပါက အများဆုံး (၃)သိန်းအထိ ထုတ်ယူနိုင်ပါသည်၊
- နေ့စဉ်ငွေကျပ် (၁၀) သိန်းအထိ ထုတ်ယူနိုင်ပါသည်။

MFTB ATM CARD ပြုလုပ်ရန်

  • ATM Card Account ဖွင့်လှစ်ရန်လိုအပ်သည့် အချက်အလက်များ ဖြည့်သွင်းရပါမည်။ Card ကိုင်ဆောင်သူသည် အသက်(၁၈)နှစ် ပြည့်ပြီးသူဖြစ်ရပါမည်။
  • Customer မှ ဖြည့်သွင်းသော အချက်အလက်များအား ဘဏ်မှ စစ်ဆေးကာ ATM Card Account  ဖွင့်ပေးပါမည်။

ATM CARD အကျိုးကျေးဇူးများ

  • မြန်မာကျပ်ငွေဖြင့် ATM စက်များတွင် ငွေသားထုတ်ယူနိုင်ပါသည်။
  • ငွေသားလက်ကျန်များအား စစ်ဆေးနိုင်ပါသည်။
  • MPU Card ဖြင့် ပေးချေနိုင်သောနေရာတိုင်းတွင် ပစ္စည်းဝယ်ယူမှု့များအတွက် ငွေပေးချေနိုင်ပါသည်။
  • ATM Card အား (၂၄) နာရီ အသုံးပြုနိုင်ပါသည်။
  • ATM Card A/C ထဲသို့ ငွေသွင်းရန်မှအပ ဘဏ်သို့လာရောက်ရန် မလိုအပ်ပါ။
  • MFTB ၏ ATM Card အချင်းချင်း MFTB ၏ATM များတွင် မိမိလွှဲပို့လိုသည့် ATM Card A/C No. သိရှိပါက အခြားATM Card A/C သို့ A/C Transfer ပြုလုပ်နိုင်ပါသည်။ အများဆုံးလွှဲပို့နိုင်သည့်ငွေပမာဏမှာ တစ်ကြိမ်လျှင် ကျပ်(၅)သိန်းနှုန်းဖြင့် တစ်နေ့လျှင် အများဆုံး ကျပ်(၁၀)သိန်းထိ လွှဲပို့နိုင်ပါသည်။

ATM CARD A/C သို့ ငွေသွင်းရန်အတွက် လိုအပ်ချက်များ

  •  ATM Account No. ဖြင့်  မိမိ Card အား ဘဏ်တွင် ငွေသားပေးသွင်း၍ ငွေဖြည့်သွင်းနိုင်ပါသည်။ ဝန်ဆောင်စရိတ် အခမဲ့ဖြစ်ပါသည်။

ATM CARD အသုံးပြုသူများသိထားသင့်သည့်အချက်များ

  • မိမိလျှို့ဝှက်နံပါတ် (Pin No) အား အသုံးပြု၍ ပြည်တွင်းရှိ အခြားသော ဘဏ်များ ATM များ POS များတွင် အသုံးပြုနိုင်ပါသည်။
  • မိမိလျှို့ဝှက်နံပါတ် (Pin No) အား ATM စက်ရှိသည့်နေရာ၌ပင် ပြောင်းလဲနိုင်ပါသည်။
  • MFTB ATM CARD အား MFTB ၏ ATM စက်များတွင်သာမက အခြားသော ဘဏ်များ၏ MPU တံဆိပ်ပါရှိသော ATM စက်များတွင်လည်း ငွေထုတ်ယူနိုင်ပါသည်။
  • POS စနစ်ဖြင့် ငွေပေးချေနိုင်သောဆိုင်ကြီးများတွင် ATM Card ဖြင့် စျေးဝယ်နိုင်ပါသည်။
  • တစ်ကြိမ်ထုတ်ယူပါက အများဆုံး (၃)သိန်းအထိ ထုတ်ယူနိုင်ပါသည်၊
  • နေ့စဉ်ငွေကျပ်(၁၀)သိန်းအထိ ထုတ်ယူနိုင်ပါသည်။
  • MFTB ATM Card အား MFTB ၏ ATM တွင် ငွေထုတ်ယူခြင်းအတွက် ဝန်ဆောင်ခ ပေးဆောင်ရန် မလိုအပ်ပါ။
  • အခြားဘဏ်များ၏ ATM စက်များတွင် ငွေထုတ်ယူမှသာ ထုတ်ယူသော ငွေပမာဏ၏ ၀.၅၀% ဝန်ဆောင်ခ ပေးဆောင်ရမည်ဖြစ်ပါသည်။ (ဥပမာ-ငွေကျပ် ၁၀,၀၀၀/- ထုတ်ယူပါက ကျပ်၅၀/- ပေးဆောင်ရမည်။)
  • POS များတွင် အသုံးပြုခြင်းအတွက် ဝန်ဆောင်ခ ပေးဆောင်ရန်မလိုအပ်ပါ။

သတိပြုရန်အချက်များ

  • ဘဏ်မှCard ထုတ်ယူပြီးပါက မိမိလျှို့ဝှက်နံပါတ် (Pin No) အားပထမအကြိမ် မဖြစ်မနေ MFTB ATM စက်တွင် ဦးစွာရိုက်ထည့်၍ ပြောင်းလဲထားပါ။
  • ATM စက်မှ ညွှန်ကြားချက်အတိုင်း ဆောင်ရွက်ပါ။
  • မိမိလျှို့ဝှက်နံပါတ် (Pin No) သည် အထူးအရေးကြီး၍ မိမိမှအပ သူတစ်ပါးအား အသိပေးခြင်းမပြုလုပ်ရ။
  • မိမိ Card အား သူတစ်ပါးသို့ ငှားရမ်းခြင်းမပြုရ။
  • ATM Card အား ATM စက်တွင်အသုံးပြုပါက မိမိ၏လျှို့ဝှက်နံပါတ် (Pin No) အား မှန်ကန်စွာ ရိုက်နှိပ်ပါ။ သုံးကြိမ်မှားယွင်းပါက Card အား ATM စက်မှ သိမ်းဆည်းသွားမည် ဖြစ်ပါသည်။
  • ATM Card ပျောက်ဆုံးခြင်း၊ အခိုးခံရခြင်း၊ လျှို့ဝှက်နံပါတ် (Pin No)မေ့ခြင်း၊ ပျက်စီးခြင်း၊ မိမိ Card အားစက်မှ သိမ်းယူခြင်း၊ Card ပိုင်ရှင်ကွယ်လွန်ခြင်း စသည်များကြုံတွေ့ရပါ က ဘဏ်သို့ အကြောင်းကြားရပါမည်။
  • အကြောင်းကြားခြင်းမရှိဘဲ တစ်စုံတစ်ခုဖြစ်ခဲ့ပါက မိမိတာဝန်သာဖြစ်ပါသည်။
  • ATM စက်မှ ငွေထုတ်ယူရာတွင် ငွေသားနှင့်Card အား သေချာစွာသိမ်းဆည်းပြီးမှသာ စက်အနီးမှ ထွက်ခွာပါ။
  • MFTB တွင် နိုင်ငံခြားငွေစာရင်းဖွင့်လှစ်ထားသူများမှ မိမိ၏ ATM Card A/C သို့ ကျပ်ငွေဖြင့် စာရင်းပြောင်းထည့်သွင်းလိုလျှင် ဆောင်ရွက်သောနေ့ရှိ MFTB ၏ နိုင်ငံခြားငွေလဲလှယ်နှုန်းဖြင့် တန်ဘိုးသင့်၍ ထည့်သွင်းပေးပါမည်။
  • ATM Card Account ကိုတစ်ဦးတည်း အမည်ဖြင့်သာ ဖွင့်လှစ်ခွင့်ရှိပါသည်။ တွဲဖက်စာရင်း ဖွင့်ခွင့်မပြုပါ။
     
No.MFTB ATM CARD

ကဒ်ထုတ်ပေးခြင်း

အခမဲ့

နှစ်စဉ်ကြေး

ကျပ် ၂,၀၀၀/-

ကနဦးအပ်နှံငွေ

ကျပ် ၁၀,၀၀၀/-

အနည်းဆုံးလက်ကျန်

ကျပ် ၁,၀၀၀/-

ကဒ်သက်တမ်း

၁၀ နှစ်

ကဒ်သက်တမ်းမကုန်ဆုံးမီ ပျောက်ဆုံး၊ပျက်စီးပါက

ကျပ် ၅,၀၀၀/-

ငွေထုတ်ယူခြင်း MFTB ATM

အခြားဘဏ် ATM

အခမဲ့

( ဝန်ဆောင်ခ ) ၀.၅၀ %

တစ်နေ့အများဆုံးထုတ်ယူနိုင်မည့်ပမာဏ

ကျပ် ၁၀ သိန်း

Transaction ( ၁ ) ကြိမ်လျှင်

ကျပ် ၃ သိန်း