ငွေကြေးခဝါချမှုစိစစ်ရေးဌာနခွဲ

ငွေကြေးခဝါချမှု စိစစ်ရေးဌာနစိတ်

၁။ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်သည် ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှု အဖွဲ့အစည်းများအား ငွေကြေးထောက်ပံ့မှုကိုဘဏ်များ တစ်ဆင့်ကျူးလွန်မှုမရှိစေရေး ငွေကြေးခဝါချမှု စိစစ်ရေးဌာနစိတ် အသစ်တိုးချဲ့ဖွဲ့စည်းမှုကို (၂၅-၅-၂၀၁၇) ရက်နေ့တွင် စတင်ဖွဲ့စည်းတာဝန်ပေးခဲ့ပါသည်။ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှု အဖွဲ့အစည်းများအား ငွေကြေးထောက်ပံ့မှု စိစစ်ရေးကော်မတီအား (၁၉.၂.၂၀၁၉) ရက်နေ့တွင် အဖွဲ့ဝင် (၁၀) ဦးဖြင့် ဖွဲ့စည်းခဲ့ပါသည်။ ငွေကြေးခဝါချမှုစိစစ်ရေးဌာန ဒုတိယအထွေထွေမန်နေဂျာ (၁) ဦးမှ Compliance Officer အဖြစ် ဆောင်ရွက်ပါသည်။

၂။ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်သည် Customer များ၏ Daily Transaction များကိုလည်းAML/ KYC CDD နှင့်အညီ စိစစ်ဆောင်ရွက်လျက်ရှိပါသည်။ အဆက်အသွယ်ဘဏ် များသို့လည်းပုံမှန် AML/ KYC CDD review ကိုစိစစ်ဆောင်ရွက်ပါသည်။

၃။ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်သည် AML Policy အရ Shell Banks များ၊ Walk- In- Customer များ၊ Downstream Correspondent ClearingServices များ၊ Payable- through accounts များ၊ anonymous accountsများနှင့် ပတ်သက်၍လုပ်ကိုင်ဆောင်ရွက်ပေးခြင်းမရှိပါ။

၄။ သင်တန်းများနှင့်ပတ်သက်၍လည်းပြည်တွင်း၊ ပြည်ပတွင် AML/ CFT ဆိုင်ရာသင်တန်းများ၊ ဆွေးနွေးပွဲများသို့တက်ရောက်ခဲ့သောအရာထမ်းကြီးများမှ ဘဏ်တွင် ဆင့်ပွားသင်တန်းများ ပြန်လည် ပို့ချလျက် ရှိပါသည်။

၅။ ငွေကြေးခဝါချမှုစိစစ်ရေးဌာနနှင့် ဆက်သွယ်မေးမြန်းလိုပါက အောက်ပါအတိုင်းဆက်သွယ် နိုင်ပါသည်။

၁။

Compliance Officer 

Title 

E-mail Address 

- U Kyin Thein

- Deputy General Manager/Compliance Officer

- [email protected]

၂။

Contact Person

Title 

E-Mail Address   

- Daw Myat Myat Htwe

- Manager

- [email protected]

၆။ ငွေကြေးခဝါချမှုဆိုင်ရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ညွှန်ကြားချက်များကို www.cbm.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

၇။ ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဉပဒေကို www.mfiu.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။