Thursday, December 29, 2022
ATM and Card Services ကို (၂၃-၁၀-၂၀၁၃) ရက်နေ့မှစ၍ ဝန်ဆောင်မှုပေးနေပါသည်။
- POS စနစ်ဖြင့် ငွေပေးချေနိုင်သောဆိုင်ကြီးများတွင် ATM Card ဖြင့် စျေးဝယ်နိုင်ပါသည်။
- တစ်ကြိမ်ထုတ်ယူပါက အများဆုံး (၃)သိန်းအထိ ထုတ်ယူနိုင်ပါသည်၊
- တစ်ပတ်လျှင်ငွေကျပ်(၅) သိန်းအထိ ထုတ်ယူနိုင်ပါသည်။
MFTB ATM CARD ပြုလုပ်ရန်
- ATM Card Account ဖွင့်လှစ်ရန်လိုအပ်သည့် အချက်အလက်များ ဖြည့်သွင်းရပါမည်။
- Card ကိုင်ဆောင်သူသည် အသက်(၁၈)နှစ် ပြည့်ပြီးသူဖြစ်ရပါမည်။
- Customer မှ ဖြည့်သွင်းသော အချက်အလက်များအား ဘဏ်မှ စစ်ဆေးကာ ATM Card Account ဖွင့်ပေးပါမည်။
ATM CARD အကျိုးကျေးဇူးများ
- မြန်မာကျပ်ငွေဖြင့် ATM စက်များတွင် ငွေသားထုတ်ယူနိုင်ပါသည်။
- ငွေသားလက်ကျန်များအား စစ်ဆေးနိုင်ပါသည်။
- MPU Card ဖြင့် ပေးချေနိုင်သောနေရာတိုင်းတွင် ပစ္စည်းဝယ်ယူမှု့များအတွက် ငွေပေးချေနိုင်ပါသည်။
- ATM Card အား (၂၄) နာရီ အသုံးပြုနိုင်ပါသည်။
- ATM Card A/C ထဲသို့ ငွေသွင်းရန်မှအပ ဘဏ်သို့လာရောက်ရန် မလိုအပ်ပါ။
- MFTB ၏ ATM Card အချင်းချင်း MFTB ၏ ATM များတွင် မိမိလွှဲပို့လိုသည့် ATM Card A/C No. သိရှိပါက အခြား ATM Card A/C သို့ A/C Transfer ပြုလုပ်နိုင်ပါသည်။ အများဆုံးလွှဲပို့နိုင်သည့်ငွေပမာဏမှာ တစ်ကြိမ်လျှင် ကျပ်(၅)သိန်းနှုန်းဖြင့် တစ်နေ့လျှင် အများဆုံး ကျပ်(၁၀၀)သိန်းထိ လွှဲပို့နိုင်ပါသည်။
ATM CARD A/C သို့ ငွေသွင်းရန်အတွက် လိုအပ်ချက်များ
- ATM Account No. ဖြင့် မိမိ Card အား ဘဏ်တွင် ငွေသားပေးသွင်း၍ ငွေဖြည့်သွင်းနိုင်ပါသည်။ ဝန်ဆောင်စရိတ် အခမဲ့ဖြစ်ပါသည်။
ATM CARD အသုံးပြုသူများသိထားသင့်သည့်အချက်များ
- မိမိလျှို့ဝှက်နံပါတ် (Pin No) အား အသုံးပြု၍ ပြည်တွင်းရှိ အခြားသော ဘဏ်များ ATM များ POS များတွင် အသုံးပြုနိုင်ပါသည်။
- မိမိလျှို့ဝှက်နံပါတ် (Pin No) အား ATM စက်ရှိသည့်နေရာ၌ပင် ပြောင်းလဲနိုင်ပါသည်။
- MFTB ATM CARD အား MFTB ၏ ATM စက်များတွင်သာမက အခြားသော ဘဏ်များ၏ MPU တံဆိပ်ပါရှိသော ATM စက်များတွင်လည်း ငွေထုတ်ယူနိုင်ပါသည်။
- POS စနစ်ဖြင့် ငွေပေးချေနိုင်သောဆိုင်ကြီးများတွင် ATM Card ဖြင့် စျေးဝယ်နိုင်ပါသည်။
- တစ်ကြိမ်ထုတ်ယူပါက အများဆုံး (၃)သိန်းအထိ ထုတ်ယူနိုင်ပါသည်၊
- တစ်ပတ်လျှင်ငွေကျပ်(၅) သိန်းအထိ ထုတ်ယူနိုင်ပါသည်။
- MFTB ATM Card အား MFTB ၏ ATM တွင် ငွေထုတ်ယူခြင်းအတွက် ဝန်ဆောင်ခ ပေးဆောင်ရန် မလိုအပ်ပါ။
- အခြားဘဏ်များ၏ ATM စက်များတွင် ငွေထုတ်ယူမှသာ ထုတ်ယူသော ငွေပမာဏ၏ ၁% ဝန်ဆောင်ခ ပေးဆောင်ရမည်ဖြစ်ပါသည်။ (ဥပမာ-ငွေကျပ် ၁၀,၀၀၀/- ထုတ်ယူပါက ကျပ်၁၀၀/- ပေးဆောင်ရမည်။)
- POS များတွင် အသုံးပြုခြင်းအတွက် ဝန်ဆောင်ခ ပေးဆောင်ရန်မလိုအပ်ပါ။
သတိပြုရန်အချက်များ
- ဘဏ်မှCard ထုတ်ယူပြီးပါက မိမိလျှို့ဝှက်နံပါတ် (Pin No) အားပထမအကြိမ် မဖြစ်မနေ MFTB ATM စက်တွင် ဦးစွာရိုက်ထည့်၍ ပြောင်းလဲထားပါ။
- ATM စက်မှ ညွှန်ကြားချက်အတိုင်း ဆောင်ရွက်ပါ။
- မိမိလျှို့ဝှက်နံပါတ် (Pin No) သည် အထူးအရေးကြီး၍ မိမိမှအပ သူတစ်ပါးအား အသိပေးခြင်းမပြုလုပ်ရ။
- မိမိ Card အား သူတစ်ပါးသို့ ငှားရမ်းခြင်းမပြုရ။
- ATM Card အား ATM စက်တွင်အသုံးပြုပါက မိမိ၏လျှို့ဝှက်နံပါတ် (Pin No) အား မှန်ကန်စွာ ရိုက်နှိပ်ပါ။ သုံးကြိမ်မှားယွင်းပါက Card အား ATM စက်မှ သိမ်းဆည်းသွားမည် ဖြစ်ပါသည်။
- ATM Card ပျောက်ဆုံးခြင်း၊ အခိုးခံရခြင်း၊ လျှို့ဝှက်နံပါတ် (Pin No)မေ့ခြင်း၊ ပျက်စီးခြင်း၊ မိမိ Card အားစက်မှ သိမ်းယူခြင်း၊ Card ပိုင်ရှင်ကွယ်လွန်ခြင်း စသည်များကြုံတွေ့ရပါ က ဘဏ်သို့ အကြောင်းကြားရပါမည်။
- အကြောင်းကြားခြင်းမရှိဘဲ တစ်စုံတစ်ခုဖြစ်ခဲ့ပါက မိမိတာဝန်သာဖြစ်ပါသည်။
- ATM စက်မှ ငွေထုတ်ယူရာတွင် ငွေသားနှင့်Card အား သေချာစွာသိမ်းဆည်းပြီးမှသာ စက်အနီးမှ ထွက်ခွာပါ။
- MFTB တွင် နိုင်ငံခြားငွေစာရင်းဖွင့်လှစ်ထားသူများမှ မိမိ၏ ATM Card A/C သို့ ကျပ်ငွေဖြင့် စာရင်းပြောင်းထည့်သွင်းလိုလျှင် ဆောင်ရွက်သောနေ့ရှိ MFTB ၏ နိုင်ငံခြားငွေလဲလှယ်နှုန်းဖြင့် တန်ဘိုးသင့်၍ ထည့်သွင်းပေးပါမည်။
- ATM Card Account ကိုတစ်ဦးတည်း အမည်ဖြင့်သာ ဖွင့်လှစ်ခွင့်ရှိပါသည်။ တွဲဖက်စာရင်း ဖွင့်ခွင့်မပြုပါ။
No.MFTB ATM CARD
|
|
---|---|
ကဒ်ထုတ်ပေးခြင်း |
အခမဲ့ |
ကနဦးအပ်နှံငွေ |
ကျပ် ၁၀,၀၀၀/- |
အနည်းဆုံးလက်ကျန် |
ကျပ် ၁,၀၀၀/- |
ကဒ်သက်တမ်း |
၁၀ နှစ် |
ကဒ်သက်တမ်းမကုန်ဆုံးမီ ပျောက်ဆုံး၊ပျက်စီးပါက |
ကျပ် ၅,၀၀၀/- |
ငွေထုတ်ယူခြင်း MFTB ATM အခြားဘဏ် ATM |
အခမဲ့ ( ဝန်ဆောင်ခ ) ၁ % |
တစ်နေ့အများဆုံးထုတ်ယူနိုင်မည့်ပမာဏ |
ကျပ် ၃ သိန်း |
Transaction ( ၁ ) ကြိမ်လျှင် |
ကျပ် ၃ သိန်း |