စာရင်းရှင် (နိုင်ငံသား) ဌာနမှ ဆောင်ရွက်ပေးလျက်ရှိသည့် လုပ်ငန်းများအား သိလိုပါသည်။

စာရင်းရှင်(နိုင်ငံသား)ဌာနတွင် နိုင်ငံသားလူပုဂ္ဂိုလ်တစ်ဦးချင်း၏ USD, EUR, SGD  စာရင်းများ ဖွင့်လှစ်၍ ငွေသွင်းငွေထုတ်ခြင်းများ ဆောင်ရွက်နိုင်ပါသည်။ ငွေသွင်းငွေထုတ်ခြင်းများအား

  • ငွေသားထုတ်ယူခြင်း၊
  • စာရင်းပိုင်ရှင်၏ နိုင်ငံခြားငွေစာရင်းမှနိုင်ငံခြားငွေ၀ယ်ယူပြီး ညီမျှသောကျပ်အား Customer's ATM A/C သို့ စာရင်းပြောင်းရွေ့ခြင်း၊
  • Account Transfer ပြုလုပ်ခြင်း၊
  • စာရင်းရှင် (နိုင်ငံသား) စာရင်းမှ နိုင်ငံခြားငွေ၀ယ်ယူပြီး CBM-Net ဖြင့် စာရင်းပိုင်ရှင်၏ လျှောက်ထားချက်အရ ပုဂ္ဂလိကဘဏ်ရှိ ကျပ်ငွေစာရင်းထဲသို့လွှဲပြောင်းခြင်း (သို့) ဤဘဏ်တွင် ဖွင့်လှစ်ထားသော ကျပ်စာရင်းသို့ ထည့်သွင်းပေးခြင်း၊
  • ပုဂ္ဂလိကဘဏ်ရှိ USD စာရင်းသို့ SWIFT ဖြင့် လွှဲပြောင်းခြင်း၊
  • ပြည်ပအဆက်အသွယ်ဘဏ်မှ SWIFT ဖြင့် ပေးပို့လာသော Payment Instruction အရ  MFTB ရှိ စာရင်းပိုင်ရှင်၏စာရင်းသို့ ထည့်သွင်းခြင်း၊
  • စာရင်းပိုင်ရှင်၏လျှောက်ထားချက်အရ Bank Statement ထုတ်ပေးခြင်းနှင့် စာရင်းပိတ်သိမ်းခြင်း တို့ကို ၀န်ဆောင်မှုပေးလျက်ရှိပါသည်။